Jonathan McNally ဟာ တီဗီရှိုးတွေမှာ သရုပ်ဆောင်တဲ့ TV Star ဖြစ်ပြီး မိမိ ကိုယ်ကို မိမိ အရပ်ပုလွန်းတယ်ဆိုပြီး သေကြောင်းကြံစည် ခဲ့တာဖြစ်ပါတယ်။ သူဟာ ဗလတောင့်ပြီး ရုပ်ရည်ချောမော ကာ အရပ် ၅ ပေ ၇ လက်မရှိသော်ငြား လည်း ထို အရာတွေကို မထောက်ဘဲ ကြိုးဆွဲချသေခဲ့တာဖြစ်ပါတယ်။

တကယ်ဆိုရင် မကြာခင်မှာ နာမည်ကြီးတဲ့ Birmingham ဆိုတဲ့ တီဗီရှိုးမှာ ပါရန်ရှိသော်လည်း စိတ်ကျရောဂါဝင်ကာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာဖြစ်ပါတယ်။ သူဟာ အသက် ၂၇ နှစ်သာရှိပြီး ငယ်စဉ်အရွယ်ထဲက မိမိကိုယ်ကို အရပ်ပုတယ်ဆိုပြီး စိတ်အားငယ်ခဲ့တာဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာ တုန်းက ကျန်းမာရေးစစ်ဆေးမှုမှာ သူ့အရပ်ဟာ နှစ်နှစ်နောက်ကျနေတယ်ဆိုပြီးပြောခဲ့တဲ့အချိန်ကစပြီး စိတ်ဝေဒနာကို ခံစားခဲ့ရပါတယ်။

တကယ်ဆိုရင် မြန်မာနိုင်ငံမှာ ၅ ပေ ၇ လက်မဆိုတဲ့ အရပ်ဟာ ပုလွန်းတယ်လို့ မထင်ရပါဘူး။ သို့သော်လည်း ငယ်စဉ်ကတည်း က အရပ်နှင့် ပတ်သက်ပြီးစိတ်အားငယ်ခဲ့တဲ့သူဟာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အခါမှာ pressure တွေပိုရပြီး နားထဲမှာ အသံတွေကြားရတဲ့ အထိ ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး counseling လုပ်ခဲ့သော်လည်း ဆရာဝန်တွေက သူ့ကို ဆေးတွေသာသောက်ခိုင်းခဲ့ပြီးနောက်ဆုံးမှာတော့ ယခုလို အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရတာပါ။

Source: Dailymail

translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။