မြန်မာ့နိုင်ငံက ကျင်းပခဲ့တဲ့ Mister Tourism World 2017 ပွဲကို အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တာပါ။ အဆိုပါပွဲကို အဓိက စီစဉ်သူဟာ သရုပ်ဆောင်မင်းသား ဥက္ကာမင်းမောင်ဖြစ်ပါတယ်။ မြန်မာ့ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သူများကလည်း မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲရဲ့ နောက်ဆုံး(Final) ပွဲကို ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာလည်း လာရောက်ခဲ့တယ်လို့သိရပါတယ်။ ထိုပွဲကို ဧသည်တော်များအဖြစ် အကယ်ဒမီ ရန်အောင်နဲ့ စိုးမြတ်သူဇာတို့တက်ရောက်ခဲ့ပြီး ဆုရရှိသူများကို ဆုအသီးသီးချီးမြှင့်ခဲ့ပါတယ်။ Mister Tourism World 2017 Winner ဆုကို Borneo မှရရှိခဲ့ပြီး၊ Mister popularity နှင့် The Best Traditional Costumes ဆုကို Myanmar နိုင်ငံကိုယ်စားပြု အောင်ဆန်းထွဋ်က ရရှိခဲ့ပါတယ်။ပထမဆုကို မြန်မာမှ Borneo ကရရှိပြီး၊ ဒုတိယဆုကို ဖိလစ်ပိုင် နှင့် တတိယ ဆုကို မလေးရှားတို့က အသီးသီးရရှိခဲ့ကြပါတယ်။

အဆိုပါဆုအသီးသီးကို ဧသည်တော်များဖြစ်ကြတဲ့ ရန်အောင် စိုးမြတ်သူဇာတို့က ပေးအပ်ခဲ့တာဖြစ်ပါတယ်။ပရိသတ်များအတွက် မြန်မာ့ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ်များအတွက် ဂုဏ်ယူရင်း မျှဝေပေးလိုက်ပါတယ်။

Source - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။