စနေနေ့ည ၂ နာရီ ၁၅ မိနစ် မှာ ယှဉ်ပြိုင်ကစားမဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ အိမ်ကွင်းမှာ ရိုးမားအသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။စီးရီးအေ ပြိုင်ပွဲတွေမှာ အရင်နှစ်တွေက ဂျူဗင်တပ်တသင်းထဲ ဖလားရယူနိုင်ခဲ့တာဖြစ်ပြီး ယှဉ်နိုင်တဲ့ အသင်းတွေ မရှိခဲ့တာလည်းဖြစ်ပါတယ်။ယခုနှစ်ဘောလုံးရာသီမှာတော့ ခုချိန်ထိ တစ်သင်းနဲ့ တစ်သင်းဟာ အမှတ်သိပ်မကွာပဲ ဖိအားပေးကစားနေနိုင်တာလည်းဖြစ်ပါတယ်။ 

နာပိုလီအသင်းဟာ ၄၂ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၂ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၃ နေရာမှာတော့ ရမှတ် ၄၀ နဲ့ အင်တာမီလန်အသင်းကရှိနေတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းကတော့ တစ်ပွဲလျော့ကန်ထားပြီး ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဇယားထိပ်ဆုံးက နာပိုလီအသင်းကို ဖိအားပေးနိုင်ဖို့ ဒီပွဲမှာ အနိုင်ရဖို့လိုအပ်တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းကလည်း အမှတ် မကွာတဲ့ အပေါ်က ၃ သင်းကို အမှီလိုက်ဖို့ နိုင်ပွဲရဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် အမှားခံလို့မရတဲ့ ပွဲဖြစ်တာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။စီးရီးအေပြိုင်ပွဲက တော့ လေးသင်းပြိုင်တဲ့ လိဂ် အဖြစ် ပြန်လည်မြင်တွေ့လာရတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။