မြန်မာနေရှင်နယ်လိဂ်အင်အားကြီးရန်ကုန်ယူနိုက်တက်

အသင်းဟာအသင်းကထွက်ခွာသွားတဲ့ဘရာဇီးတိုက်

စစ်မှူးဆီဆာနေရာမှာဂီနီနိုင်ငံသားဆယ်လာကို

အစားထိုးခေါ်ယူခဲ့ပါတယ်။မကွေးတိုက်စစ်မှုးဟောင်း

ဆယ်လာဟာဆီဆာနဲ့ယှဉ်ရင်ပရိုဖိုင်းနိမ့်တဲ့ကစားသမား

တစ်ဦးဖြစ်တဲ့အပြင်ဆယ်လာဟာရန်ကုန်ပရိသတ်တွေနဲ့

ဗိုလ်ချုပ်ဒိုင်းဖိုင်နယ်မှာပြသနာတက်ထားတဲ့ကစား

သမားဖြစ်တာကြောင့်ဝေဖန်သံတွေဆူညံသွားပါတယ်။

ရန်ကုန်အသင်းနဲ့စာချုပ်ချုပ်ပြီးပြီးချင်းပဲ

ဆယ်လာဟာရန်ကုန်ပရိသတ်ကိုတရားဝင်တောင်းပန်

ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၆ ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ ဖြစ်တဲ့ မကွေးနဲ့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စအတွက် ရန်ကုန်ယူနိုက်တက် ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အဲ့ဒီအချိန်တုန်းက စိတ်လှုပ်ရှားပြီးတော့ဖြစ်သွားတဲ့အတွက် ခွင့်လွှတ်ပေးဖို့ နဲ့ ကျွန်တော့် တဒင်္ဂ အမှားအတွက် တောင်းပန်ချင်ပါတယ်။ ရန်ကုန်အသင်းကို ရောက်ရှိလာတဲ့အချိန်မှာ အသင်းအောင်မြင်စေဖို့ အစွမ်းကုန်ကြိုးစားပြီး ချန်ပီယံဖြစ်အောင် ပေးဆပ် ကစားသွားမှာပါ။ အခုဆို ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်သွားတဲ့အတွက် အသင်းအတွက်ကြိုးစားကစားရင်း ပရိသတ်တွေကလည်း အားပေးကြဖို့တောင်းဆိုချင်ပါတယ်” ဆိုပြီးရန်ကုန်အသင်း

ရဲ့တရားဝင်Facebookစာမျက်နှာကနေတောင်းပန်ခဲ့ပါတယ်။

ဆယ်လာဟာခြေစွမ်းခြေစထက်မြက်တဲ့ကစားသမား

တစ်ဦးဖြစ်ပြီးမကွေးအသင်းနဲ့အတူတောက်ပခဲ့သူပါ။

နေရှင်နယ်လိဂ်အတွေ့အကြုံကြွယ်ဝသူဖြစ်ပြီး

မကွေးအသင်းနဲ့အတူAFC Cupအတွေ့အကြံုလည်း

ရှိတာမို့အားကိုးရမယ့်တိုက်စစ်မှူးတစ်ယောက်

ဖြစ်လာမှာတော့သေချာပါတယ်။ဆယ်လာအနေနဲ့

ကျော်ကိုကို၊ဆီဆာတို့မရှိတော့တဲ့ရန်ကုန်တိုက်စစ်ကို

ဘယ်လိုဦးဆောင်သွားမလဲဆိုတာစောင့်ကြည့်ကြရအောင်ပါ။

အခုဆိုဆယ်လာလည်းတောင်းပန်ပြီးတဲ့အတွက်

ရန်ကုန်ပရိသတ်တွေလည်းခွင့်လွတ်ကျေအေးလိုက်ကြပြီ

ထင်ပါတယ်။

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။