ပရိသတ်အချစ်တော်ပိုပိုကကတော့ ချစ်သူရရှိသွားပြီနော်ပရိသတ်ကြီးရေ။သူမကတော့ အရမ်းချစ်ရတဲ့ချစ်သူနဲ့အတူပျော်ရွှင်နေပါတယ်။ဒါကိုသူမရဲ့ instagram အကောင့်မှာ ချစ်သူနဲ့အတူပျော်ရွှင်နေတဲ့ဓာတ်ပုံတွေကို မျှဝေခဲ့တာပါ။သူမချစ်သူရဲ့ မျက်နှာကိုတော့ သေသေချာချာဖော်ပြထားခြင်းမရှိပါဘူး။

သူမတို့ရဲ့ ပထမဆုံး စတင်တွေ့ဆုံတဲ့နေ့လို့လဲ ရေးသားထားပါတယ်။နောက်ပုံတွေမှာတော့ “love with u” ဆိုပြီးတော့ သူမရဲ့ချစ်သူနဲ့လက်ချင်းချိတ်ပြီး သူမချစ်တဲ့ခွေးလေးကိုပါ ဓာတ်ပုံရိုက်ထားပါတယ်။သူမကတော့ ဖေ့စ်ဘုတ်က ပရိသတ်တွေကိုတော့ အသိမပေးခဲ့ပေမဲ့ instagram ကပရိသတ်တွေကိုတော့ ချပြခဲ့ပါတယ်။

နောက်တစ်ပုံမှာလဲ “ဒီနိုင်ငံက ထွက်သွားတော့မယ်ဆို အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလဲငိုလို့ ဗြဲ I miss alrealy.” လို့ရေးသားထားတာတွေ့ရပါတယ်။သူမရဲ့ချစ်သူကို ဘယ်သူလဲဆိုတာပရိသတ်ကြီးကောသိကြလား။

Source - Po Po singer (Instagram)


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။