ဒီဇင်ဘာ၂၃ရက် နေ့လယ်ပိုင်းအချိန် ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာတွင် ခိုးဝင်လာတဲ့ ဘင်္ဂ ါလီ (၈) ဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကျောက်တံခါးမြို့နယ်တွင် ခိုးဝင်ဘင်္ဂ ါလီများ ရောက်ရှိနေကြောင်း သတင်းရရှိတာကြောင့် ဖဒိုနယ်မြေရဲစခန်းက တာဝန်ရှိသူများ သွားရောက် စစ်ဆေးဖမ်းဆီး ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင် ၈၃မိုင် ကျော်ရှိ ကျေးရွာတွင် ဘင်္ဂ ါလီ ကျား၅ဦးနှင့်မ၁ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

၎င်းဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်လာသူတွေကို မှုခင်းရှုထောင့်ဂျာနယ်တွင် အလုပ်လုပ်သူ ဦးစံသိန်းရဲ့ ခြံဝန်းအတွင်း ရှိတဲအတွင်းမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နောက်ထပ်နှစ်ဦးကို ၎င်းဂျာနယ်တွင်ပင် အလုပ်လုပ်နေသူ ဦးခင်ရွှေရဲ့ နေအိမ်တွင် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်များအရ သိရပါတယ်။"ဖမ်းမိတဲ့အိမ်က သူကသတင်းထောက် ဟုတ်မဟုတ် စစ်ဆေးနေတယ်။သူကခြံစိုက်စားတာတော့သိ တယ်။ အမှုနဲ့ ပတ်သက်လို့ စစ်ဆေးနေတုန်း ဖြစ်တဲ့အတွက် ဘာမှပြောလို့ မရသေးပါဘူး"ဟု ကျောက်တံ ခါးရဲစခန်းမှ ဒုရဲမှူး အောင်ကျော်ကျော်က ပြောပါတယ်။

သတင်းအရင်းအမြစ် - 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။