နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ပိုပိုတစ်ယောက် ဒီနေ့ ရန်ကုန်မြို့ပြည့်သူ့ရင်ပြင်မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အသံအားကောင်းကောင်းတဲ့ ဆွဲဆောင်မှုရှိတဲ့သံစဉ်စာသား တွေကို သီဆိုနိုင်ပြီး စွဲမက် ဖွယ်သူမရဲ့ လှပမှုတွေကြောင့် ပရိတ်သတ်တွေက အားပေးချစ် ခင်တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမက ဒီနေ့ညနေ သုံးနာရီကနေငါးနာရီထိ ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့သိရပါတယ်။ သူမဟာ အောင်မြင်တဲ့အဆိုတော် တစ်ဦးဖြစ်ပြီး မိဘမေတ္တာငတ်မွတ်နေရှာတဲ့ ဂရုဏာသက်ဖွယ် မိန်းကလေးတစ်ယောက် လည်းဖြစ်ပါတယ်။ သူမရဲ့မိသားစုအရေးနဲ့ပက်သက်ပြီး Interview တစ်ခုမှာပွင့်ပွင့်လင်းလင်း ပြောပြထားတာကို ပရိတ်သတ်တွေကလည်းကြည့်ပြီး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ သူမကချစ်တဲ့ သူမကိုချစ်ခင်တဲ့ ချစ်သူတစ်ဦးရရှိသွားပြီဖြစ်ပြီး သူမ အတွက်တော့ အဆင်ပြေတဲ့ချစ်ခရီးလမ်းလေးဖြစ်စေဖို့ အားလုံးကမျှော်လင့်ကြပါတယ်။ သီချင်းခွေတွေလည်း ထွက်ရှိထားပြီး ပရိတ်သတ်တွေကလည်း အားပေးကြမ်းတာခံခဲ့ရတဲ့ အဆိုတော်မလေးပါပဲ။ အသံစူး စူးလေးနဲ့ အမိုက်စားသီချင်းတွေကို အမြဲလိုလိုတင်ဆက် ဖျော်ဖြေခဲ့သူတစ်ဦးပါပဲ။ ဒီနေ့အတွက် သူမရဲ့ ဖက်ရှင်က အနက်နဲ့အပြာတွေ အပွင့်ရိုက်ထား တဲ့ ပိတ်စအလှကို ကိုယ်ကျပ်ဂါဝန်လက်ရှည်လေးကို ပုံစံအဆန်းလေးချုပ်ထားတာဖြစ်ပါ တယ်။ အမိုက်စားပုံစံလေးတစ်ခုပါပဲ။

သူမရဲ့အသံစူးစူးလေးဟာ ပရိတ်သတ်တွေကို အတော်လေးဖမ်းစားနိုင်ခဲ့ပါတယ်။ အဆို ကောင်းသလို စိတ်ထားလေးလဲကောင်းပြီး မရှိသူတွေကို အမြဲတမ်းကူညီဖေးမတတ်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့အတွက် သူမရဲ့ဖျော်ဖြေပွဲလေးကတော့ အမိုက်စားဖြစ်ခဲ့ မှာသေချာပါတယ်။ ဖျော်ဖြေပွဲမသွားခင် အလန်းကြီးလန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Po Po’s Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။