ပြည်တွင်းမှာတော့ ကျပ်သိန်းတစ်သောင်းဆုကြီး ပြောင်းလဲပေးပြီးနောက်မှာတော့ ထီရောင်းချရမှုက တိုးတက်လာပါတယ်။ ပြည်သူတွေအနေဖြင့် ယခင်ကထက် ထီကိုပိုမိုဝယ်ယူလာတာကိုလည်းတွေ့ရှိရပါတယ်။ သို့သော် ယခုအခါ ပြည်တွင်းတွင် နိုင်ငံခြားထီများ တရားမဝင် ရောင်းချနေလျက်ရှိနေတာကို တွေ့ရှိရပါတယ်။ ပြည်ပနိုင်ငံမှ ဖွင့်လှစ် သည့် ထီလက်မှတ်များကို ပြည် တွင်းဈေးကွက်အတွင်း တရားမဝင်ရောင်းချလာကြောင်း ထီလုပ် ငန်းလုပ်ကိုင်နေသူအချို့က ဆိုပါတယ်။ 

စင်ကာပူနိုင်ငံတွင် ဖွင့်လှစ် သည့် ထီကို ပြည်တွင်းဈေးကွက် အတွင်း ရောင်းချမှု အများဆုံး တွင်ကျယ်နေပြီး ယခုရက်ပိုင်းအ တွင်း ကိုရီးယားထီလက်မှတ်များ ကို အွန်လိုင်းမှ ကြော်ငြာရောင်းချ လာကြောင်း ၎င်းတို့က ဆိုပါတယ်။ ‘‘စင်ကာပူထီက မြန်မာပြည် ထဲရောက်နေတာတော့ တော် တော်ကြာပြီ။ သူက တစ်စောင်ကို မြန်မာငွေ ကျပ် ၃,၅၀၀ လောက် ရှိတယ်။ ဒါပေမဲ့ အစိုးရက တရား ဝင်ခွင့်မပြုထားတဲ့အတွက် အဲဒီ ထီလက်မှတ်ရောင်းဝယ်မှုက ဒီမှာတရားမဝင်ဘူး’’ဟု သားကောင်း ရတနာထီအရောင်းဆိုင်ပိုင်ရှင် ဦးစောမြင့်သိန်းက ပြောကြားခဲ့ပါတယ်။တစ်ပတ်လျှင် တစ်ကြိမ်ဖွင့် လှစ်သည့် ကိုရီးယားထီကို တစ် စောင်လျှင် ခြောက်ဒေါ်လာနှုန်း ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် ကြော်ငြာထားပါတယ်။ ‘‘ကိုရီးယားထီက ကြော်ငြာ ထားတာတော့ တွေ့တယ်။ တကယ်စရောင်းနေပြီလား ဆို တာတော့ မသိသေးဘူး။ ကြည့်ရ တာ ထိုးချင်တဲ့သူရှိရင် လှမ်းမှာ ပြီး ဝယ်ပေးတဲ့သဘောဖြစ်မယ်’’ ဟု ဦးစောမြင့်သိန်းက ပြောပါတယ်။

အဆိုပါ ထီလက်မှတ်များ ကို နေရာအတည်အကျဖြင့် ဖြန့် ဖြူးရောင်းချခြင်းမဟုတ်၍ ဈေး ကွက်အတိအကျကို လေ့လာရန် ခက်ခဲကြောင်း အောင်ဘာလေထီ အရောင်းကိုယ်စားလှယ်တစ်ဦး က ဆိုပါတယ်။‘‘သူတို့က အစုအဖွဲ့လိုက် လုပ်နေကြတာ။ စင်ကာပူက ပြန်ရောက်လာတဲ့သူ အများစု ဒီ ရောက်တဲ့အထိ ထပ်ပြီးကံစမ်းနေ ကြတာများတယ်။ တစ်လ၊ တစ်လ ရောင်းအားဘယ်လောက်ရှိတယ် မပြောနိုင်ပေမယ့် ဈေးကွက်နေ ရာတစ်ခုတော့ အခိုင်အမာရှိနေ ပြီဆိုတာ ကြားရတယ်’’ဟု ၎င်းက ဆိုပါတယ်။ မြန်မာနိုင်ငံတွင် အစိုးရဖွင့် လှစ်သည့် အောင်ဘာလေထီတစ် ခုတည်းကိုသာ တရားဝင်ရောင်း ဝယ်ခွင့်ပြုထားပြီး အခြားအမည် အမျိုးမျိုးဖြင့် ရောင်းချနေသည့် ထီများကို တရားဝင်ခွင့်ပြုထား ခြင်းမရှိကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ် ဦးက ဆိုပါတယ်။ ‘‘တရားမဝင်ဖြစ်တာကြောင့် အရေးယူလို့ရတယ်။ လောင်း ကစားဥပဒေနဲ့လည်း ငြိနေတာ ပေါ့။ ချဲတို့၊ နှစ်လုံးတို့လိုပဲလေ’’ ဟု ၎င်းက ပြောပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိဖွင့် လှစ်နေသည့် အောင်ဘာလေထီ တစ်စောင်လျှင် ကျပ်၅၀၀ ဖြစ်ပြီး အမြင့်ဆုံးဆုငွေသည် ကျပ်သိန်း တစ်သောင်းဖြစ်ပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။