ပရိသတ် အချစ်တော် မင်းသမီးချောလေး ယွန်းယွန်းကတော့ ခရစ္စမတ် အားလပ်ရက်လေး မှာ မိသားစုခရီးလေး ထွက်နေတာ ပဲဖြစ်ပါတယ်။ဖေဖေမေမေရယ် ချစ်စရာကောင်းတဲ့ ယွန်ယွန်းရယ် မိသားစုသုံးယောက် ဘန်ကောက်ကို ရောက်ရှိ လည်ပတ်နေကြတာပဲဖြစ်ပါတယ်။နှစ်စဉ် ခရစ္စမတ် အားလပ်ရက်လေးမှာ မိသားစုနဲ့ အတူဖြတ်သန်း လာတာဖြစ်ပြီး ယခုနှစ်မှာလည်း မိသားစုခရီးစဉ်လေးနဲ့ ယွန်းယွန်းတစ်ယောက် အရမ်းကို ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

ယွန်းယွန်းကတော့ ဖေဖေမေမေတို့နဲ့ လျောက်လည်ရင်း ပျော်မဆုံးဖြစ်နေပြီး သူမတစ်ခါမှ မကြည့်ဖူးသေးတဲ့ ဘန်ကောက်က နာမည်ကြီး HIMMAPAN AVATAR Showလေးကို လည်းကြည့်ခဲ့တယ် လို့ဆိုပါတယ်။သူမရဲ့လူမှုကွန်ယက် မှာလည်း"ရောက်ရောက်ချင်း နေ့က Bangkok မှာတစ်ခါမှမကြည့်ဖူးတဲ့ show လေးတစ်ခုကြည့်ခဲ့တယ်.. သူတို့ဇာတ်လမ်းလေးနဲ့ Avatar animation တွေနဲ့ရောပြီးကပြတာမို့ စိတ်ဝင်စားဖို့ကောင်းတယ်.. ခမ်းနားတဲ့ settingတွေနဲ့ ဇာတ်ကောင်တွေကိုလဲ အနီးကပ်မြင်ရတာမို့ Baht 750နဲ့ကတော့ တကယ်တန်တယ်" ဆိုတဲ့ စာလေးရေးသားခဲ့ တာပဲဖြစ်ပါတယ်။ယွန်းယွန်းရဲ့ ချစ်စရာကောင်းတဲ့ပွဲရောက် အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေထားတာပဲဖြစ်ပါတယ်။

ခရစ္စမတ်မှာ ပရိသတ်တွေရော ဘာအစီစဉ်တွေရှိလဲလို့ မေးလိုက်ပါတယ်။ယွန်းယွန်းကတော့ ဒီဇင်ဘာ(၂၅)ရက်နေ့ ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းမှာ ပထမဆုံး ပြုလုပ်ကျင်းပတဲ့ ခရစ္စမတ် ပွဲတော် လေးမှာ ရှိနေပါမယ် လို့ဆိုပါတယ်။ဒီပွဲလေးမှာ ယွန်းယွန်းနဲ့ အတူ ဓာတ်ပုံလေးတွေ ရိုက်ဖို့ကိုလည်း ပရိသတ်တွေကို ဖတ်ခေါ်ပါတယ် လို့ဆိုပါတယ်။ခရစ္စမတ်မီးရောင်စုံ လေးတွေကြားမှာ ယွန်းယွန်းနဲ့အတူ ဓာတ်ပုံရိုက်ရင်း အမှတ်တရ လက်ဆောင်လေး တွေရချင်ရင်တော့ ၂၅ရက်နေ့ကျ ပရိသတ်တွေ သွားဖို့မမေ့နဲ့နော်။ 

သတင်းအရင်းအမြစ် - ယွန်းယွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။