ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ရင်ချင်းဆက်နှင့် ခေါင်းချင်းဆက်အမြွှာ ကလေး၂ဦးအပါအဝင် အမြွှာ၃ဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမွှာ(၃)ဦးအနက် ခေါင်းချင်းဆက်၊ ရင်ချင်းဆက် အမြွှာ၂ဦးမှာ မိန်းကလေးများဖြစ်ပြီး ကျန်တစ်ဦးကတော့ ယောကျ်ားလေးဖြစ်တယ်လို့ ကလေးမွေးဖွားပေးခဲ့တဲ့ ဗဟိုအမျိုးသမီးဆေးရုံမှ ဆရာဝန်ကပြောပါတယ်။အမွှာ(၃)ဦးမှာတော့ ရင်ခြင်းဆက်၊ ခေါင်းခြင်းဆက် အမြွှာ ၂ဦးမှာ နေ့ချင်းသေဆုံးခဲ့ပြီး ကျန်တစ်ဦးသာ အသက်ရှင် ကျန်ရစ်တယ်လို့ သိရပါတယ်။

"ရင်ချင်းဆက်၊ ခေါင်းချင်းဆက် အမြွှာကတော့ မနေ့က မွေးပြီးနောက်မှာ သေဆုံးသွားတယ်။ တစ်ယောက်တည်း မွေးတဲ့ တစ်ဦးကတော့ အသက်ရှင်သေးတယ်။ သေသွားတဲ့ ၂ယောက်ကို ခွဲစိတ်စစ်ဆေးတာတွေ လုပ်ရဦးမှာလို့” ဗဟိုအမျိုးသမီးဆေးရုံမှ ဆရာဝန်ကပြောပါတယ်။ အသက်ရှင် ကျန်ရစ်တဲ့ တစ်ယောက်ကလည်း လက်ရှိမှာတော့ ကျန်းမာရေးကောင်းတယ် လို့သိရပါတယ်။

သတင်းအရင်းအမြစ် - လင်းထက်၊မန္တလေး(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။