မြန်မာနဲ့ထိုင်းတို့ဟာယူ-18ကမ္ဘာ့ဖလားကိုပူးပေါင်း

ကျင်းပဖို့်ကြံစည်နေကြပါပြီ။ကမ္ဘာ့ဖလားပြိုင်ပွဲ

ကျင်းပဖို့ခက်ခဲလွန်းတဲ့အနေအထားတစ်ရပ်ဆိုပေမယ့်

မဖြစ်နိုင်ဘူးတော့မဟုတ်ပါဘူး။မြန်မာနဲ့ထိုင်းဟာ

ယူ-18ကမ္ဘာ့ဖလားကို2021မှာကျင်းပဖို့FIFAကို

ပူးတွဲလျှောက်ထားဖို့ပြင်ဆင်နေကြပြီလို့သိရပါတယ်။

FIFAကသာအဆိုပါအိမ်ရှင်ကျင်းပခွင့်ကိုပေးခဲ့မယ်ဆိုရင်တော့2021ယူ-18ကမ္ဘာ့ဖလားဟာအာဆီယံဒေသမှာ

ပထမဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားဖြစ်လာမှာပါ။

''ပြိုင်ပွဲလုပ်ရင် အဓိက ကွင်းကြီး ခြောက်ကွင်းလိုတယ်။  မြန်မာနိုင်ငံမှာ  သုံးကွင်း၊ ထိုင်းနိုင်ငံမှာ သုံးကွင်းလိုတယ်။ ပြီးတော့ ဖွင့်ပွဲနဲ့ပိတ်ပွဲ ကျင်းပနိုင်မယ့်  ပရိသတ်ငါးသောင်းဆံ့ ကွင်းတစ်ကွင်း လိုတယ်။  မြန်မာနိုင်ငံမှာ ဖွင့်ပွဲလုပ်ရင်  ထိုင်းနိုင်ငံမှာ ပိတ်ပွဲလုပ်မယ်။ ဒီမှာက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး ကွင်းသုံးကွင်းကို  လျာထားတယ်။"လို့

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းကပြောပါတယ်။

မြန်မာနိုင်ငံကွင်းအနေအထားအရနေပြည်တော်၊ရန်ကုန်

နဲ့မန္တလေးမှာကမ္ဘာ့ဖလားပွဲစဉ်တွေကိုကျင်းပလို့ရပေမယ့်

သုံးကွင်းစလုံးကပရိသတ်သုံးသောင်းလောက်ပဲဆန့်ပါတယ်။ဒါပေမယ့်ဖွင့်ပွဲသို့မဟုတ်ပိတ်ပွဲပြုလုပ်ဖို့တော့ပရိသတ်

ငါးသောင်းဆနိ့ဖို့အတွက်ကွင်းတစ်ကွင်းကို 

အဆင့်မြင့်တင်မှုလုပ်ဖို့လိုမှာပါ။မြန်မာနိုင်ငံဘောလုံး

အဖွဲ့ချုပ်ဟာဆောင်ရွက်ရမယ့်ပရောဂျက်က

အရမ်းကြီးတာကြောင့်အစိုးရရဲ့အားပေးထောက်ပံ့မှုတွေကိုမျှော်လင့်နေတယ်လို့လည်းသိရပါတယ်။

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။