ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး မိုရာတာ ဟာ ဒီနေ့ပွဲမှာ ပြန်လည် ပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။ဂိုးတွေသွင်းယူမှုအားနည်းနေတဲ့ ချဲလ်ဆီးတိုက်စစ်ဟာ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ ကြုံနေရတာလည်းဖြစ်ပါတယ်။ 

ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်က ဝက်ဖို့စ် အသင်းကို အိမ်ကွင်းမှာ အနိုင်ရယူထားနိုင်တာလည်းဖြစ်ပါတယ်။ဘရိုက်တန်အသင်းဟာ ရမှတ် ၂၁ မှတ်ရယူထားနိုင်ခဲ့တာဖြစ်ပြီး အဆင့် ၁၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒါဟာ တန်းတက်ဘရိုက်တန် အသင်းအတွက် ရလဒ် ကောင်းရရှိထားတယ်လို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ အဆင့် ၂ နေရာက မန်ယူအသင်းနဲ့ သုံးမှတ်ကွာဟနေတာဖြစ်ပြီး ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၃ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ ပတ်ဒရို၊ မိုရာတာ၊ ဇာပါကော်စတာ၊ ကန်တေ၊ ဖာဘရီဂတ်၊ အလွန်ဆို တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဘရိုက်တန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂရော့စ်၊ မာရေး၊ စတင်ပန်၊ ပရော့ပါ၊ မတ် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။မိုရာတာပြန်လည်ပါဝင်လာမှုနဲ့ အတူ ဝေဖန်ခံနေရတဲ့ ချဲလ်ဆီးတိုက်စစ်ဟာ ဒီနေ့ပွဲမှာ ဘယ်နှဂိုး သွင်းယူသွားနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအနိုင်သေချာပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။