သရုပ်ဆောင်သဥ္ဇာနွယ်ဝင်းတို့ရဲ့ခရစ်စမတ်ညရဲ့ ဖြတ်သန်းမှုပုံရိပ်လေးများဟာ အရမ်းကိုချစ်စရာကောင်းပါတယ်။အေးချမ်းတဲ့ ခရစ်စမတ်နေ့လေးကို လူတိုင်းလူတိုင်း ဖြတ်သန်းမှုကိုယ်စီရှိကြမယ်လို့ထင်ပါတယ်။သူမတို့မိသားစုကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးတစ်စုပါ။

ခရစ်စမတ်သစ်ပင်လေးတွေကို အိမ်ထဲမှာလှပစွာ စီခြယ်ထားပါတယ်။ခရစ်စမတ်မှာ နွေးနွေးထွေးထွေး ဖြတ်သန်းခဲ့တဲ့ မိသားစုပုံရိပ်လေးတွေကို သူမရဲ့ဖေစ်ဘုတ်မှာ တင်ထားခဲ့ပါတယ်။သူမရဲ့ပရိသတ်တွေကလည်း သူမတို့မိသားစုပုံရိပ်လေးတွေကို ကြည့်ရင်းကြည်နှုးပီတိဖြစ်နေပါတယ်။

သူမဟာ ရုပ်ရှင်ဇာတ်ကားများစွာကို သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး

မိသားစုအနားမှာပဲ ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနေပါတယ်။ချစ်စရာကောင်းတဲ့ သားသားလေးနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတဲ့ သဥ္ဇာနွယ်ဝင်းတို့ရဲ့ ခရစ်စမတ်ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။

source - Thinzar nwewin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။