ခရစ်စမတ်ဆိုတာကတော့ သခင်ယေရူမွေးဖွားတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ အဆိုပါ ခရစ်စမတ်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် မိသားစုမိတ်ဆွေတို့နှင့် အချိန်ကုန်ဆုံးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘာသာပေါင်းစုံကိုးကွယ်သူများထဲမှာ ခရစ်ယာန်အရေအတွက်က ဗုဒ္ဓဘာသာပြီးလျှင် ဒုတိယလိုက်ပါတယ်။ဒါ့ကြောင့် ယခုကဲ့သို့ ခရစ်စမတ်ကာလရောက်ခါနီးလျှင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ခရစ်တော်မွေးနေ့အကြိုဆုတောင်းသီချင်းများ လိုက်လံဆိုလေ့ရှိပါတယ်။ 

ဒါ့အပြင် ခရစ်စမတ်မှာ ပျော်ပွဲရွှင်ပွဲများလည်း ပြုလုပ်ကြပါတယ်။ ရန်ကုန်မှာလည်း ခရစ်စမတ်ပွဲတော်ကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရန်ကုန်ခရစ်စမတ်ပွဲတော် ရန်ကုန်တွင် ၃ ရက် ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ရန်ကုန်ခရစ္စမတ်ပွဲတော်ပိတ်ပွဲသို့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပါတယ် ။ ဒါ့အပြင် ရန်ကုန်ရှိ အများပြည်သူတို့ကလည်း ရန်ကုန်ခရစ္စမတ်ပွဲတော်ကို လာရောက်ပျော်မွေ့ခဲ့ပါတယ်။

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၃ရက်မှ ၃ ရက်တာ ပထမဆုံးအကြိမ်ကျင်းပလျှက်ရှိသော ၂၀၁၇ ခရစ္စမတ်ပွဲတော်ကို ဧမာနွေလဘုရားကျောင်းရှေ့၊ စိန်မေရီကသီဒြယ်ဘုရားကျောင်းရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ အင်္ဂလီကန်ဘုရားကျောင်းရှေ့တွင် ဖျော်ဖြေပွဲများပြုလုပ်လ လျှက်ရှိပြီး နောက်ဆုံးနေ့ဖြစ်သော ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့တွင် လာရောက်ကြည့်ရှုအားပေးများ့ဖြင့်စည်ကားလျှက်ရှိပါတယ်။ ခရစ်စမတ်ပွဲတော် ပိတ်ပွဲကို ဒီဇင်ဘာလ၂၅ ရက်နေ့ညပိုင်းတွင်ကျင်းပပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

Source – Irrawaddy  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။