ဒီဇင်ဘာ ၂၅ ရက်နေ့ မနေ့က ညနေ ၄ နာရီခွဲအချိန်ခန့် မှစပြီး တစ်နိုင်ငံလုံး နှစ်နာရီနီးပါး လျှပ်စစ်မီးပြတ် တောက်ခဲ့တယ်လို့ သိရပါတယ်။ရန်ကုန်၊ မန္တလေးနဲ့ အဓိက မြို့ကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံး နေရာအများစုတွင် ည နေ ၄ နာရီမိနစ် ၄၀ ခန့်ကစတင်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ညနေ ၆ နာရီခွဲတွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေး နိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါ ဖြစ်စဉ်မှာ ဓာတ်အားစနစ်အပြစ်ဖြစ် ခြင်း (System Breakdown) ကြောင့် လျှပ်စစ်မီးပြတ်တောက် ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား တာပဲဖြစ်ပါတယ်။

‘‘တစ်နိုင်ငံလုံးဖြစ်တာ။ စနစ်တစ်ခုလုံးအပြစ်ဖြစ်ပြီး ရပ် သွားတာ။ ဘာကြောင့်ဖြစ်တယ် ဆိုတာကိုတော့ အသေးစိတ်ပြော လို့မရသေးဘူး’’ ဟု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးကော်ပို ရေးရှင်း ဒုတိယအင်ဂျင်နီယာချုပ် က ပြောပါတယ်။မဟာဓာတ်အားလိုင်းစနစ် အတွင်း System Breakdown ဖြစ်ချိန်တွင် ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းက ရန်ကုန်တိုင်းရှိ ဓာတ်အား ပေးစက်ရုံများမှ လျှပ်စစ်ဖြန့်ဖြူး ရန်ဆောင်ရွက်ခဲ့ပြီး ညနေ ၆ နာရီ ခန့်တွင် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့် ဖြူးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

ဝန်ထမ်းများ ပြန်လည်ထိန်း သိမ်းမောင်းနှင်ခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် ပေါင်းလောင်းရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို ပြန်လည် မောင်းနှင်နိုင်ခဲ့ပြီး ၅ နာရီခွဲခန့်တွင် ရဲရွာရေအားလျှပ် စစ်ဓာတ်အားပေး စက်ရုံကို မောင်းနှင်နိုင်ခဲ့ကာ မဟာ ဓာတ်အားလိုင်းသို့ ဓာတ်အားပြန် လည်ပို့လွှတ်နိုင်ခဲ့ကြောင်း ဝန် ကြီးဌာနက ထုတ်ပြန်ကြေညာထားတာပဲဖြစ်ပါတယ်။လျှပ်စစ်မီး ပြတ်တောက် ခဲ့ခြင်းကြောင့် လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကိုယ်တိုက် Control Center သို့ ကိုယ်တိုင်ကားမောင်း ပြီး လျှပ်စစ်မီးပုံမှန်ပြန်လည်ရရှိ ရန်ပါဝင်လုပ်အားပေးခဲ့တယ်လို့ ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာရေးသားခဲ့တာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ထွန်းထွန်းမင်း(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။