မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ သူမဟာ သနပ်ခါးလိမ်းရတာကို ကြိုက်နှစ်သူ တစ်ယောက်ပါလို့ ဆိုပါတယ်..။

ရွှေပိုးအိမ်တစ်ယောက်ကတော့ ခရီးတွေ ဆက်တိုက် ထွက်ရှိနေတာ ဖြစ်ပြီး စိတ်ပင်ပန်းမှုများကို ခရီးတွေ ထွက်ရင်း ဖြေဖျောက်နေတာလည်း ဖြစ်ပါတယ်..။

သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်က အခုတစ်ခေါက်မှာလည်း သူမဟာ သနပ်ခါးလိမ်းရတာ ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြလိုက်ပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က “သနပ်ခါးလိမ်းရတာကို ကြိုက်တယ်..” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ဓာတ်ပုံလေးတွေတင်ပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း သူမဟာ သနပ်ခါးလေးနဲ့ လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ အကြောင်းလေးတွေ Comment များပေးရေးသားထားတာကြတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ သူမကို ခင်မင်အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားသလို ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ရပ်နားထားပြီး စိတ်ဖိစီးမှုတွေကြောင့် ခရီးတွေ ဆက်တိုက် ထွက်ရှိနေတာ တွေ့ရပါတယ်..။

ဒီတစ်ခေါက်မှာတော့ မင်းသမီးချောလေး ရွှေပိုးအိမ်ရဲ့ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - ရွှေပိုးအိမ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။