လိမ္မော်သီးတွင် ကယ်လိုရီ၊ ကဆီဓာတ်၊ ပရိုတင်း၊ အဆီဓာတ်၊ ကိုလက်စထရော ၊ ချေဖျက်လွယ်သော အမျှင်ဓာတ်၊ ဖောလိပ်၊ နီအာစင်၊ Pantothenic အက်ဆစ်၊ Pyridoxine ၊ Riboflavin ၊ ဗီတာမင် ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မဂနီးစ်၊ ဇင့်၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာကယ်ရိုတင်း၊ Crypto-xanthin ၊ လူတိန်း၊ Lycopene တို ့ စသည့် ဓာတ်တွေ များစွာ ပါ၀င်ပါတယ်။ ဒါ့ကြောင့် လိမ္မော်သီး စားသုံးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကို တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားကာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး စသော ရာသီဖျားများရဲ့ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၂) သွေးလွှတ်ကြောများကို ပျော့ပြောင်းစေပြီး၊ အနာကျက်မှုကို မြန်စေတဲ့ အစွမ်းသတ္တိရှိတာကြောင့် ကိုယ်တွင်းကိုယ်ပ အနာများကို ပျောက်စေပါတယ်။

(၃) အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး ကင်ဆာတို ့ကို သက်သာစေပါတယ်။

(၄) အသည်း မှ ကိုလက်စထရော ထုတ်လုပ်မှုကို လျော့ချပေးသည့်အပြင်၊ သွေး နှင့် အရေပြား အောက်တို ့မှ မလိုလားအပ်သော အဆီများကို စုပ်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

(၅) လိမ္မော်သီးထဲတွင် ချေဖျက်လွယ်သော အမျှင်နှင့် pectin တို ့ ကြွယ်ဝစွာပါရှိသောကြောင့် ခန္ဒာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်းလိုသူများကို လွန်စွာ ကောင်းကျိုးပြုပါတယ်။ 

(၆) ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပြီး ၀မ်းမမှန်သူများအတွက်လည်း အကျိုးရှိပါတယ်။

(၇) လိမ္မော်သီးထဲရှိ ပိုတက်စီယမ်အစွမ်းက နှလုံးခုန်နှုန်းနှင့်သွေးဖိအားတို ့ကို မျှချေဖြစ်စေပြီး၊ နှလုံးရောဂါဝေဒနာ တို ့ကို သက်သာစေပါတယ်။

(၈) လိမ္မော်သီးက သွေးပေါင်ချိန်ကို လျော့စေရုံသာမက၊ သွေတိုးရောဂါ နဲ ့ဆက်စပ်သောဆီးချိုရောဂါကိုလည်း သက်သာစေပါတယ်။

(၉) သဘာဝလိမ္မော်ရည်ကို မှန်မှန်သောက်ပေးခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။ ဆီးကျောက်တည်သူများလည်း လိမ္မော်ရည် သောက်ခြင်းဖြင့် နောက်တဖန် ဆီးကျောက်ပြန်မတည်စေရန် အထောက်အကူပြုပါတယ်။

(၁၀) အရိုးနှင့်သွားများကို ကျန်းမာကြံ့ခိုင်စေပြီး သွားဖုံးသွေးယိုစီးခြင်း နှင့် ရေစီးကမ်းပြိုရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။ 

(၁၁) ကိုယ်ဝန်ဆောင်မိခင်များ လိမ္မော်သီးစားပေးခြင်းဖြင့် ကလေးငယ်တွင် မွေးရာပါ အရိုးပျော့ရောဂါ ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

(၁၂) ဦးနှောက်စွမ်းအားကို တိုးတက်ကောင်းမွန်စေရုံသာမက၊ အသက်အရွယ်ကြီးခြင်းကြောင့် မှတ်ဉာဏ် စွမ်းပကား နိမ့်ကျခြင်း နှင့် အာရုံကြော အားနဲခြင်း တို့ကိုလည်း သက်သာစေပါတယ်။

(၁၃) သွေးအတွင်းရှိ သကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

(၁၄) လိမ္မော်ရည်ကို ရက်သတ္တ ၁-ပတ်လျှင် ၄ကြိမ်မျှ သောက်သုံးခြင်းဖြင့် ရိုးဆက်ရောင်ရမ်းနာများနှင့် အဆစ်အမြစ် ကိုက်ခဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၁၅) အမျိုးသားများအတွက် ကျန်းမာသောသုတ်ကောင်များ ထုတ်လုပ်မှုကို အားပေးပြီး၊ အမျိုးသမီးများအတွက် ကလေးမီးဖွားခြင်းကြောင့် ဖြစ်တတ်တဲ့ သုတ်ကောင်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

(၁၆) အမြင်အာရုံနှင့်ဆက်စပ်လျှက်ရှိသော မျက်စိကျန်းမာရေးကို များစွာအထာက်အကူ ပေးပါတယ်။

(၁၇) ကလေးငယ်များတွင်ဖြစ်လေ့ရှိသော၊ ၀က်သက်ရောဂါ နှင့် အသက်ရှုလမ်းကြောင်း ပြသနာရောဂါများအတွက် များစွာ အထောက်အကူပေးပါတယ်။

(၁၈) သူငယ်နာ အကြောဆွဲရောဂါကို သက်သာပျောက်ကင်းနိုင်ပါတယ်။ လိမ္မော်ပွင့် (၃၀) ကျပ်သားကို ရေ(၃)ပိဿာနှင့်တစ်ညစိမ်ပြီး၊ နောက်နေ့ နံနက်တွင် ပေါင်းအိုး ဖြင့်ပေါင်း၍ ပေါင်းခံရည် စုထားပြီးနောက် ထမင်းစားဇွန်းဖြင့် (၅)ဇွန်းမှ(၁၀)ဇွန်းခန့် နေ့စဉ်တိုက်ပေးပါ။

(၁၉) ပန်းနာရင်ကျပ်၊ တီဘီအဆုတ်နာတို ့အတွက် သက်သာစေရန် အထောက်အကူပေးပါတယ်။

(၂၀) ချောင်းခြောက်ဆိုးခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုး၍ လည်ချောင်း နာခြင်းကိုလဲ ပျောက်ကင်းစေပါတယ်။ ချောင်းဆိုးသူများ လိမ္မော်ရွက် လေး/ငါးရွက်ခန့်ကို ဆူအောင်ကျိုပြီးနောက်၊ မီးဖိုမှချ၍ ငါးမိနစ် ခန့် အဖုံးအုပ်ထားပါ။ ထို ့နောက်အရွက်များကို ဖယ်ရှားပြီး ခပ်နွေးနွေး အရည်ကိုတစ်နေ့ သုံးကြိမ်သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

(၂၁) ခန္ဓာကိုယ်ထဲရှိ သွေးများကို သွေးသစ် ဖြစ်ပေါ်စေခြင်း နှင့် သွေးသန့် တိုးပွားစေရန် အထောက်အကူပေးပါတယ်။

(၂၂) အသည်းကင်ဆာ၊ အသည်းကြီးခြင်းနှင့် အသည်းတွင် ဖြစ်ပွားတတ်သော ရောဂါများကို ထိရောက်စွာ ကာကွယ်တားဆီး ပေးနိုင်ပါတယ်။

(၂၃) အူရောဂါ၊ အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေပါတယ်။

(၂၄) ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များကိုလည်း ကျစေနိုင်ပါတယ်။ လေထိုးလေအောင့်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တစ်ခွက်တင်ကျို၍ တနေ့နှစ်ကြိမ် သောက်ခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၂၅) လိမ္မော်သီး၏ အခွံရနံ ့ကို ယူကာ ဟင်းခတ်အမွှေးအကြိုင်၊ အိမ်သုံးဆေးဝါးများ နှင့် aromatherapy (ခေါ်) ရနံ ့ကုထုံးတို ့တွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ (လိမ္မော်ခွံ၏ ကောင်းကျိုးများကိုလည်း အဆိုပါ link တွင် http://www.myanmarload.com/news/15064 ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။)

အခုရာသီကလည်း လိမ္မော်သီးပေါတဲ့ ရာသီဖြစ်တာကြောင့် လိမ္မော်သီးကို ကြိုက်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် နေ့စဉ် ပုံမှန် မှီဝဲကြဖို့ တိုက်တွန်းချင်ပါတယ်။ လိမ္မော်သီးရဲ့ ကောင်းကျိုးများကိုလည်း သူငယ်ချင်းတွေသိအောင် မျှဝေပေးလိုက်ပါဦးနော်။

အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ရှင်။

သတင်းအရင်းအမြစ် - original writer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။