အာရှရဲ့ နာမည်ကျော် စုံတွဲဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဆောင်း-ဆောင်း စုံတွဲကတော့ ခရစ်စမတ်အကြိုနေ့ကို နှစ်ယောက်အတူတူ ကြိုဆို ဖြတ်သန်းပြီး အချိန်ကုန်ဆုံးခဲ့ကြပါတယ်..။

အသစ်စက်စက်လက်ထပ်ထားတဲ့ သူတို့စုံတွဲရဲ့ လက်ထက်ပြီးနောက် ပထမဆုံး ခရစ်စမတ်အကြို နေ့စွဲလေးလည်း ဖြစ်ပါတယ်..။

ပေါ့ပေါ့ပါးပါး ဝတ်စုံလေးတွေကိုသာ ဝတ်ဆင်ထားတဲ့ သူတို့ စုံတွဲကတော့ တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲလေးဖြစ်ပြီး အရမ်းကို ရို နေကြတာကိုလည်း တွေ့ရပါတယ်..။

ဆောင်း-ဆောင်း စုံတွဲဟာ ဆိုးလ်မြို့ရှိ Itaewon ရပ်ကွက်မှာရှိတဲ့ ဘိုးလင်းစင်တာကို သူငယ်ချင်းအနည်းငယ်နဲ့ အတူလာခဲ့ကြတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်..။

ပေါ့ပေါ့ပါးပါး ထသွားထလာ ပုံစံမျိုးနဲ့ ရောက်လာတဲ့ သူတို့ ဇနီးမောင်နှံကတော့ သူငယ်ချင်းတွေနဲ့အတူ လွတ်လွတ်လပ်လပ် ပျော်ရွှင်နေကြတာကိုလည်း တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း IU ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း IU ရဲ့ ဖိတ်ကြားချက်အရ နှစ်ယောက်အတူ တတ်ရောက် အားပေးခဲ့ပါသေးတယ်..။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂို တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁)ရက်နေ့က ဆိုးလ်မြို့မှာ ရှိတဲ့ ရှီလာဟိုတယ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

လက်ထပ်ပြီးနောက် အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိသေးဘဲ အခမ်းအနားပွဲတွေကိုသာ တတ်ရောက်နေတာ တွေ့ရပါတယ်..။

တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ကြတဲ့ သူတို့စုံတွဲကတော့ ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ အနုပညာရှင် ဆယ်လီ စုံတွဲလည်း ဖြစ်ပါတယ်..။

Source - KStarLive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။