ဒီနေ့ဒီဇင်ဘာ(၂၆)ရက်နေ့ကတော့ မိတ်ကပ်ပညာရှင် မထက်(Pop Soul)ရဲ့ မွေးနေ့ ရက်မြတ်လေး ပဲဖြစ် ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့မွေးနေ့ရက် မြတ်လေးမှာတော့ သူမကိုမျက်ရည်ကျစေခဲ့တဲ့ စာလေး တစ်စောင် ဖွင့်ဖောက်ဖတ်မိ ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီစာလေးကတော့ လွန်ခဲ့တဲ့ (၃)နှစ်ကျော်က သူမရဲ့ သူငယ်ချင်း တစ်ယောက်စီက ပေးပို့လိုက်တဲ့စာလေးပဲဖြစ်ပါတယ်။

ဒီစာလေးက (၃)နှစ်ကြာတဲ့အထိ မဖတ်ဖြစ်မိခဲ့တဲ့ စားလေးဖြစ်ပြီး သူမအတွက်စိတ်မကောင်းခြင်းများစွာနဲ့ ပြည့်နှက်နေတဲ့စာလေးဖြစ်ကြောင်း သူမရဲ့လူမှုကွန်ယက်မှာ ရေးသားခဲ့ပဲဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်မှာတော့ “ဒီနေ့၂၅ရက်နေ့ည၁၂နာရီကျော်၊ မှန်တင်ခုံပေါ် လက်သည်းညှက်ရှာရင်း နင်ငါ့ဆီပို့ထားတဲ့စာလေး၂စောင်ဖတ်ဖို့စိတ်ကူးလိုက်တယ်၊ မှန်တင်ခုံပေါ်နင့်စာလေး၂စောင်အမြဲတင်ထားပေမယ့် မဖတ်ဘူးသိလား... မဖတ်ချင်သလို မဖတ်ရက်ဘူး သူငယ်ချင်း။ နင်နဲ့ ငါနဲ့ တမြို့ထဲပေမယ့် အခြေအနေမတူတာ ငါမေ့ထားချင်လို့ပါ။ အခုဘာရယ်မဟုတ်ဘဲ နင့်စာခေါက်လေးဖွင့်ဖတ်တော့ နင်ဒီစာကို ၁၄ရက် ၁၂လ ၂၀၁၄ တနင်္ဂနွေ နေ့ည ၁၁နာရီ ၂၀မှာ ရေးထားတာတဲ့လေ နင့်လက်ရေးလှလှလေးတွေနဲ့ပေါ့။ ဘာကိုအစချီပြီးရေးထားတာလဲဆက်ဖတ်တော့ Birthday wish လုပ်ထားတာလေးပါ စာ၂ကြောင်းလောက်မှာ ရင်ထဲနင့်ပြီး ငိုလိုက်ရတာ။ 

အခု ငါ့မွေးနေ့ဆိုတော့ အရမ်းတိုက်ဆိုင်သွားတော့ ငါပိုငိုရတယ်၊ နင်ကလေငါ့မွေးနေ့တိုင်းလက်ဆောင်ပေးတတ်တယ်...သူငယ်ချင်းမွေးနေ့တိုင်းမှတ်မိတဲ့သူဆိုတော့လေ၊ စာကိုဆက်မဖတ်တော့ဘူး သူငယ်ချင်းရေ၊ နင့်ကိုလာမတွေ့တာ မခံစားနိုင်လို့ပါ.... နင်တနေ့ငါဆီလာမယ်ဆိုတာသိတယ်....အဲ့နေ့ကြမှ နင်နဲ့ငါအပျော်ရွှင်ဆုံးပြန်ဆုံကြမယ်၊တကယ်တော့ ငါတကယ်သတိရတယ်၊တိပ်တွေပတ်ထားတဲ့စာနောက်တစောင် ငါဖွင့်ပြီးမဖတ်ရဲလို့ မဖတ်ရဘူး ငါသတ္တိမရှိဘူးဟာ နင်ပြန်လာတဲ့နေ့မှ စာဖတ်ပြီ ဟိုးအရင်ကအကြောင်းတွေ ပြောကြမယ် နော်၊ တကယ်တော့ ငါလေ....နင့်ကို မျှော်နေမိသူပါ Fighting သူငယ်ချင်းငါရေးတဲ့ စာလေးတယောက်ယောက်နင့်ဆီပို့ပေးနိုင်ပါစေ”ရေးသားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဒီနေ့ရဲ့ မွေးနေ့ ရှင်လေး မထက်ကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - မထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။