မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးမှ ထုတ်လုပ်၍ စက်မှု အခြေခံအလွှာ သာရေးနာရေးအ သင်းမှ စီစဉ်သည့် ‘တောပေါက် မြို့ပေါက်’ အမည်ရဇာတ်ကား သည် စက်မှုလက်မှုအလွှာ လုပ် သားများအတွက် ရန်ပုံငွေရရှိရေးရိုက်ကူးမည့် ဇာတ်ကားဖြစ်၍ အနုပညာကြေးမယူဘဲ လက်ခံရိုက် ကူးမည်ဖြစ်ကြောင်း သရုပ်ဆောင်မြင့်မြတ်က ပြောသည်။

ရုပ်ရှင်လောကမှာဆို စက် မှုအလွှာက လုပ်အားခအနည်း ဆုံး၊ အပင်ပန်းဆုံးဆိုတော့ တကယ်ကို လေးစားစရာကောင်း တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့မှာ ကျွန် တော်တို့ ထင်ထားတာထက်ကို အခက်အခဲတွေလည်း အများကြီး ရှိကြပါတယ်။ အဲဒါကြောင့် ဒီ ကားလေးကိုရိုက်ပြီး ရတဲ့ဝင်ငွေနဲ့ ထောက်ပံ့မှုတွေရှိမယ်။ ဒီကား လေးက ပရဟိတကားဆိုရင် လည်း မမှားပါဘူး။ ဒီထဲမှာ ပါဝင် တဲ့ သရုပ်ဆောင်တော်တော်များ များ အနုပညာကြေးလုံးဝမယူကြ ဘူး။ ကင်မရာတွေကအစပေါ့။ ဒီကရတဲ့ဝင်ငွေကိုလည်း တကယ့် ကို စက်မှုအလွှာအတွက် အကျိုး ရှိမယ့် အစီအစဉ်တွေအများကြီး လည်း ဆွဲထားတယ်။ အရမ်းကို မွန်မြတ်တဲ့ကားပါ’’ဟုသရုပ်ဆောင် မြက့်မြတ်က ဆိုပါတယ်..

‘တောပေါက်မြို့ပေါက်’ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူး၍ မြင့်မြတ််၊ကျော်ကျော်ဗို၊ ညီထွဋ်ခေါင်၊ မင်းရာဇာ၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊သွန်းဆက်၊မုန်း၊ ရွှေပိုးအိမ်၊ တက္ကသိုလ်ဂွမ်းပုံနှင့်  အခြားအနုပညာ ရှင်များစွာပါဝင်ပြီး ဇန်နဝါရီ၅ ရက်တွင် ရေးမြို့၌  စတင်ရိုက်ကူး မည်ဖြစ်သည်။

Source:7Days News(Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။