မြန်မာသံစဉ်တေးသီချင်းကောင်းတွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အဆိုတော် မနော်ဟာ သူရရှိခဲ့တဲ့ အနုပညာကြေးငွေတွေနဲ့ ကျောင်းဆောက်လှူဒါန်းနေတယ်လို့ သိရပါတယ်..။

ရှိုးပွဲတွေမှာ သီဆိုဖျော်ဖြေရင်း ရရှိခဲ့တဲ့ အနုပညာကြေးငွေနဲ့ သီလရှင်ကျောင်း တစ်ကျောင်းကို ဆောက်လုပ်ပြီး လှူဒါန်းနေတာ ဖြစ်ပါတယ်..။

သူ့ရဲ့ တေးသီချင်းတော်တော်များများဟာ ပေါက်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်း ဖျော်ဖြေပွဲတွေကို ဆက်တိုက်သီဆို ဖျော်ဖြေနေတာ တွေ့ရပါတယ်..။

ပွဲတွေသီဆိုဖျော်ဖြေပြီး ရရှိခဲ့တဲ့ အနုပညာကြေးငွေတွေနဲ့ ကျောင်းဆောက်လှူနေတာ တော်တော်လေး ပြီးစီးနေကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

သူ့ရဲ့ ကောင်းမှုကုသိုလ်လေးကိုလည်း ပရိသတ်တွေကို ထပ်တူကုသိုလ်ရရှိစေဖို့အတွက် ဆုတောင်းမျှဝေထားတာလည်း တွေ့ရပါတယ်..။

“ပွဲဆိုလို့ရတဲ့ အနုပညာကြေးနဲ့ဆောက်ထားတာဗျို့ အတော်လေးပြီးစီးနေပါကြောင်း ဤကုသိုလ်များအား တေးချစ်သူအပေါင်းနှင့်မိဘဆရာ သူငယ်ချင်း မိတ်ဆွေ အားလုံးကျွန်တော်နှင့်ထက်တူရပါစေ.. ကျန်းမာချမ်းသာလိုရာပြည့်ပါစေ..” လို့ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်...။

အဆိုတော် မနောကတော့ သူ့ရဲ့ အသံအေးအေးချိုချိုလေးနဲ့အတူ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုများကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

သူ့ရဲ့ တေးသီချင်းတော်တော်များကလည်း ပရိသတ်တွေကို နှစ်ကြိုက်သဘောတွေ့စေခဲ့ပြီး အောင်မြင်မှုတွေ ရရှိထားကာ နောက်ထပ် သီချင်းအသစ်တွေကို အွန်လိုင်းကနေ ဖြန့်ချီပေးနေတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ရှိုးပွဲတွေ ဆက်တိုက် သီဆိုဖျော်ဖြေနေရပြီး သီချင်းအသစ်တွေကိုလည်း ဖန်တီးပြုလုပ်နေတယ်လို့ သိရပါတယ်..။

Source - မနော fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။