Kpop Idol Jonghyun တစ်ယောက် သေကြောင်းကြံစည်သွားမှုဟာ Kpop အနုပညာလောကရဲ့ ဖိအားတွေကိုထင်ထင်ရှားရှားဖော်ပြသလိုဖြစ်ခဲ့ရပြီး Kpop အနုပညာရှင်တွေကိုယ်တိုင် စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။ သူ့ရဲ့ ပရိတ်သတ်တွေအတွက်လည်း အလွန်ဝမ်းနည်းစရာဖြစ်ခဲ့ရတာပါ ။ ဒီလို သူတို့ရဲ့ Idol တစ်ယောက် ဆုံးရှုံးပြီးနောက်မှာ Jonghyun နဲ့ ရုပ်ရည်ဆင်တူတဲ့သူတစ်ယောက်ကို သတိထားမိလာကြပါတယ် ။ 

သူကတော့ Ittirut Van လို့ အမည်ရတဲ့ ထိုင်းလူမျိုးတစ်ယောက်ပါ ။ သူ့ရဲ့ ရုပ်ရည်က ဆုံးပါးသွားတဲ့ Idol နဲ့ ဆင်တာမို့ Jonghyun ရဲ့ Fan တစ်ချို ့က သူ့ပုံလေးတွေကို ပြန်လည် Share ကြရင်းနဲ့ နာမည်ကြီးလာခဲ့ပါတယ် ။ Van က Peperohouse လို့ခေါ်တဲ့ ဓါတ်ပုံ Studio ရဲ့ ပိုင်ရှင် ဓါတ်ပုံဆရာ တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်လည်း ရံဖန်ရံခါ ကြော်ငြာဓါတ်ပုံလေးတွေရိုက်တတ်သူဖြစ်ပါတယ် ။

Van ကိုယ်တိုင်ကလဲ SHINee Jonghyun ရဲ့ အမာခံ Fan တစ်ယောက်မို့ Jonghyun ဆုံးပါးသွားချိန်မှာ ကြေကွဲဝမ်းနည်းခဲ့ရတာပါပဲ ... ။ 

သူ့ရဲ့ Personal Facebook acc မှာ Jonghyun ရဲ့ Fan တွေနဲ့ စည်ကားနေပါပြီ ။ အချို ့က သူတို့ချစ်ရတဲ့ Idol နဲ့ ရုပ်ဆင်နေတဲ့အတွက် သူ့ အရိပ်အယောင်တွေ ပြန်တွေ့ရသလိုဖြစ်လို့ ၀မ်းသာပါတယ်လို့တောင် ဆိုထားကြပါတယ် ။ Jonghyun အလွမ်းပြေလို့ ဆိုရမှာပါပဲ ။ သူ့နဲ့ Jonghyun ရဲ့ ပုံလေးတွေကိုအောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ် ။ တကယ်တူမတူဆိုတာတော့ ပရိတ်သတ်တို့ပဲကြည့်လိုက်ပါတော့နော် ...  

Van
Jong Hyun
Van
Jong Hyun
Van
Jong Hyun
Van
Jong Hyun
Van
Jong Hyun
Van
Jong Hyun
Van
Jong Hyun

သတင်းအရင်းမြစ် Ittirut Van and jong hyun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။