မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ အဆင့် ၂ နေရာက မန်ယူအသင်းနဲ့ ၁ မှတ်သာကွာဟတော့တာလည်းဖြစ်ပါတယ်။အဲဗာတန်နဲ့ ပွဲမှာလွဲချော်ခဲ့တဲ့ မိုရာတာ ဒီနေ့ပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းနဲ့ သရေကျပြီးနောက် အိမ်ကွင်းမှာ နိုင်ပွဲပြန်လည်ရယူခဲ့တာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ဟာဇတ်၊ မော့ဆက်၊ ဖာဘရီဂတ်၊ ကန်တေ၊ အလွန်ဆို၊ ဘာကာယိုကို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘရိုက်တန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟီမက်၊ ကာရယ်၊ မတ်၊ ပရော့ပါ၊ စတီပန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းအပေါ် တောက်လျှောက်တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၄၆ မိနစ်မှာ မိုရာတာ က သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအတွက် ဒုတိယအနိုင်ဂိုးကိုတော့ မာ့ကို့စ်အလွန်ဆို က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဝီလီယံ၊ ဘတ်ရှူအာရီ၊ ဒရင့်ဝါးတား တို့ကို လူစားလဲထည့်သွင်းအသုံးပြုခဲ့ပေမဲ့ ၂ ဂိုး နဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဘရိုက်တန်အသင်းကတော့ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။