ဒီနှစ်ဘောလုံးရာသီမှာရတနာပုံကိုအိမ်မက်ဆိုးတွေ

မက်စေခဲ့တဲ့အသင်းကဆောက်သမ်းမြန်မာပါ။

ချန်ပီယံကာကွယ်ဖို့ရတနာပုံအသင်းအခွင့်

အရေးရခဲ့ပေမယ့်ဆောက်သမ်းမြန်မာအသင်းက

ရတနာပုံရဲ့အိမ်မက်တို့ကိုဖျက်ဆီးခဲ့ပါတယ်။

ဆောက်သမ်းမြန်မာအသင်းကိုဦးဆောင်လာသူက

ပေါ်တူဂီနည်းပြဖေဘီယာနိုပါ။မြန်မာနေရှင်နယ်လိဂ်

ရဲ့အသက်အငယ်ဆုံးနည်းပြလို့ပြောရမယ်ဖေဘီယာနိုဟာ

အရည်အချင်းရှိနည်းပြတစ်ဦးပါ။

ဖေဘီယာနိုဟာဇေယျာရွှေမြေအသင်းမဖျက်သိမ်းခင်က

နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ပြီးဇေယျာရွှေမြေဖျက်သိမ်းသွားတဲ့အခါ

မှာတော့ဆောင်သမ်းမြန်မာအသင်းကိုပြောင်း

နည်းပြခဲ့ပါတယ်။ဆောက်သမ်းမြန်မာအသင်းကိုတာဝန်ယူပြီးနောက်မှာ

အသင်းကြီးတွေဖြစ်တဲ့ရတနာပုံကိုအနိုင်နဲ့ ရန်ကုန်၊ ဧရာဝတီ နဲ့ မကွေးတို့ ဆီက အမှတ်ရအောင် ယူပေးခဲ့ပါတယ်။သူ့လက်ထက်မှာဆောက်သမ်းကစားပုံ

သိသိသာသာတက်လာတယ်လို့ပြောလို့ရပါတယ်။

ဒီလိုပုံစံကောင်းတွေကိုပြသနိုင်ခဲ့တာကြောင့်ဆောက်သမ်း

အသင်းဟာနောက်နှစ်ဘောလုံးရာသီမှာသူ့ကိုပဲနည်းပြ

အဖြစ်ပြန်ခန့်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ဆောက်သမ်း

အသင်းဟာရာသီသစ်အတွက်လူဖြည့်တင်းမှုတွေ

ပြုလုပ်နေပြီး ၂၀၁၈ ဘောလုံး ရာသီအတွက် ပြည်ပကစားသမား သုံးဦးနှင့် ပြည်တွင်းကစားသမား ၁၀ဦးခန့် အားဖြည့်ခေါ်ယူရန် စီစဉ်ထားတယ်လို့သိရပါတယ်။နည်းပြဖေဘီယာနို

ရောက်လာရင်လညး်သူလိုချင်တဲ့ကစားသမားတွေကို

ထပ်မံခေါ်ယူပေးသွားမယ်လို့ဆောက်သမ်းမြန်မာအသင်းကလာတဲ့သတင်းတွေကဆိုပါတယ်။

Source-Southern Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။