ဂျပန်နုင်ငံဟာဘောလုံးနဲ့ပတ်သက်လာရင်အာရှမှာထိပ်သီးနိုင်ငံပါ။

ဂျပန်နိုင်ငံရဲ့ဂျေလိဂ်ဟာအာရှမှာထိပ်ဆုံးဖြစ်တဲ့အပြင်ဂျပန်လောလုံးအသင်းတွေဟာလည်း

သက်တမ်းအလိုက်လူငယ်အသင်းတွေကစလို ့လက်ရွေးစင်အသင်းတွေအထိ

အာရှမှာနံပတ်ဝမ်းပါပဲ။ဒီလိုအောင်မြင်မှှုတွေအတွက်အဖြေက

ဂျပန်ဟာလူငယ်အဆင့်တွေမှာဘောလုံးပညာသင်ကြားပေးတဲ့

အကယ်ဒမီတွေကောင်းမွန်လို ့ဖြစ်တယ်လို ့အားလုံးက

သတ်မှတ်ကြပါတယ်။မြန်မာအသင်းရဲ့အကယ်ဒမီတွေကိုလည်း

ဂျပန်ပုံစံပြောင်းဖို ့ကြံစည်နေကြပါပြီ။

လက်ရှိမြန်မာပြည်မှာပုသိမ်၊ရန်ကုန်၊မန္တလေးဒေသတွေမှာ

ဘောလုံးအကယ်ဒမီသုံးခုရှိပါတယ်။အဆိုပါဘောလုံးအကယ်ဒမီတွေမှာ

ဂျပန်နည်းပြတွေကိုခန့်ထားဖို ့MFFကစီစဉ်နေပါပြီ။

အခုလက်ရှိမှာဂျပန်နည်းပြတာကူမာကိုပုသိမ်ဘောလုံးအကယ်

ဒမီ၊နောက်အကယ်ဒမီနှစ်ခုစီအတွက်နောက်ထပ်ဂျပန်နည်းပြ

နှစ်ယောက်ကိုလာမယ့်ဇန်နဝါရီလထဲမှာခေါ်ယူသွားမယ်လို ့

သိရပါတယ်။

ဘောလုံးအကယ်ဒမီတွေမှာဂျပန်နည်းပြတွေကိုထားခြင်းဟာ

မျိုးဆက်သစ်လူငယ်ဘောလုံးသမားလေးတွေ

ဘောလုံးနည်းစနစ်အခြေခံတသမတ်တည်းရှိစေဖို ့ရည်ရွယ်တယ်လို ့သိရပါတယ်။

ဂျပန်စတိုင်ချီတက်ခြင်းပေါ့။မြန်မာနဲ့ပြိုင်ဘက်ထိုင်းကတော ့

အီကိုနိုစီမံကိန်းလို ့ခေါ်တဲ့စပိန်စတိုင်ဘောလုံးကိုတည်ဆောက်နေပါတယ်။

အီကိုနိုစီမံကိန်းအရထိုင်းဘောလုံးအကယ်ဒမီတွေမှာစပိန်နည်းပြတွေကို

ခန် ့ထားပါတယ်။ဂျပန်စတိုင်သွားတဲ့မြန်မာ ့ဘောလုံးနဲကစပိန်စတိုင်သွားတဲ့

ထိုင်းဘောလုံးအနာဂတ်မှာ ဘယ်သူပိုအောင်မြင်မလဲဆိုတာ....

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။