လက်ရှိရိုက်ကူးနေတဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ရုပ်ရှင်ဇာတ်ကားတွင် ဆေးဗိုလ်ကြီးအဖြင့် ပါဝင်သရုပ်ဆောင်နေတဲ့ ကျော်ထက်အောင်ကတော့ လက်ရှိ အလွမ်းစာသားများကို မကြာခနဆိုသလို တင်လေ့ရှိနေပါတယ်။ နှစ်သစ်မှာ အပြုံးလေးတွေနဲ့ ဖြတ်သန်းနေတဲ့ ကျော်ထက်အောင်ကတော့ အလွမ်းအဆွေးကဗျာတွေကို ကြိုက်သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့ ကျော်ထက်အောင်ကတော့ အလွမ်းကဗျာနဲ့အတူ အလွမ်းပုံလေးကိုပါတင်ထားခဲ့ပါတယ်။ ကျော်ထက်အောင်တင်တဲ့ ကဗျာလေးကတော့ " အဟောင်းသောသူတွေရဲ့ အသစ်အသစ်သောလုပ်ရပ်တွေကအသိသတိတိုးစရာဆိုပေမယ့်

အသစ်သစ်သောသူတွေက အဟောင်းအဟောင်းသောလုပ်ရပ်တွေကြပြန်တော့ ပြုံး၍သာနေလိုက်ရုံပေါ့

တည်မြဲနေတဲ့နေရာတွေကရွေးလျားဖို့တော့ဘယ်လွယ်မလည်းလေ

ရွေ့လျားနေတဲ့ ရွေ့လျားနိုင်တဲ့သူတွေက မတည်မြဲနိုင်တာသိစေလိုတယ်လေ

တစ်ဘဝ တစ်ဌါန စီကလာကြပေမယ့် ခဝါချချိန် မှတော့ တစ်ဌါနတည်း ကိုသာလှမ်းကြရမှာမလွဲပေ

ကိုယ်သွားချင်တာကတော့ တိမ်တွေနေတဲ့အရပ်ရဲ့အလွန် အေးချမ်းပါသော နတ္ထိနေရာဘုံဌါနကိုသာပေ

ဆေးဗိုလ်ကြီး ထက်အောင်" ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

အလွမ်းအဆွေးတွေနှစ်သက်တဲ့ ကျော်ထက်အောင်ရဲ့ ကဗျာစာသားလေးတွေက တော့ ပရိသတ်ကြီးအတွက် တစ်ခုခုကိုရရှိစေနိုင်မှာပါ။ ကျော်ထက်အောင်ရဲ့ အလန်းစားပုံလေးနဲ့ အတူ ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - Kyaw Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။