ဒီဇင်ဘာ(၂၇) ဒီနေ့ မနက် ၆နာရီအချိန်ခန့် မော်လမြိုင်မြို့တွင် မန္တလာမင်း အဝေးပြေးခရီးသွား ပို့ဆောင်ရေး လုပ်ငန်းစုမှ ခရီးသည်ပို့ဆောင် ယာဉ်တစ်စီး မတော်တဆမှုဖြစ်ကာ အိမ်အတွင်းသို့ ဝင်ရောက်တိုက်မိခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ မော်လမြိုင် မှရေးသို့ ထွက်ခွာမည့် မန္တလာမင်း ခရီးသည်ပို့ဆောင်ယာဉ် ဟာ ရွှေနတ်တောင် ဂေါက်ကွင်းရှေ့အနီးတွင် စလစ်ဖြစ်ပြီး အိမ်ထဲသို့ ဝင်တိုက်ခဲ့တာပဲဖြစ်ပါတယ်။၎င်းယာဉ် မတော်တဆမှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်များ ထိခိုက်ပွန်းပဲ့ ဒဏ်များရရှိခဲ့သော်လည်း အသေအပျောက်မရှိဘူးလို့ ကနဦးသတင်းများအရ သိရပါတယ်။ 

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ မော်လမြိုင်လူမှုကယ်ဆယ်ရေး Rescue အဖွဲ့မှ ပရဟိတဝန်ထမ်းများ သွားရောက် ကယ်ဆယ် ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။ကားအတွင်းပိတ်မိနေတဲ့ ခရီးသည်တွေကိုတော့ ခေါင်မိုးပေါ်မှတဆင့် ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ ရတယ်လို့ Rescue အဖွဲ့မှ ပရဟိတ ဝန်ထမ်းတစ်ဦး မှပြောပါတယ်။လက်ရှိမှာတော့ အဆိုပါယာဉ်မောင်းအား ဖမ်းဆီးထားပြီး တည်ဆဲဥပဒေအရဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ မော်လမြိုင် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - အေးချမ်းမွန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။