လူတိုင်းမှာဝက်ခြံအနည်းနဲ့အများတော့ရှိကြမှာပါ။အပူအစပ်တွေစားတာ၊ဟော်မုန်းမညီမျှတာ၊အိပ်ရေးပျက်တာ၊စိတ်ဖိစီးမှုများတာစတဲ့အချက်တွေကနေ ဝက်ခြံတွေဖြစ်စေပါတယ်။ဝက်ခြံတွေထွက်တဲ့အခါ အလျင်အမြန် ပျောက်ဖို့အမျိုးမျိုးကြိုးစားတတ်ကြပါတယ်။ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်လုပ်လိုက်တဲ့နည်းလမ်းမမှန်ကန်ရင် အမာရွတ်ကျန်တာ၊ပိုပြီး ဝက်ခြံတွေပွားလာတာတွေဖြစ်တတ်ပါတယ်။ဒီတော့ ဝက်ခြံထွက်တဲ့အခါ သတိထားရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အပူပေးတဲ့ကိရိယာတွေ၊ရေပူစိမ်ထားတဲ့အဝတ်စတွေကိုရှောင်ပါ။

တစ်ချို့တွေက ဝက်ခြံထွက်တဲ့အချိန် အပူပေးကိရိယာနဲ့ပေါင်းတင်တာ၊

မျက်နှာကိုရေနွေးငွေ့ခံတာတွေက သက်သာစေမယ်လို့ထင်ကြပါတယ်။အဲဒီအယူအဆဟာ တကယ်တော့လုံးဝမှားပါတယ်။အပူဟာ ဝက်ခြံတွေကို ပိုပြီး ရဲစေပြီး ပိုပြီးထွက်လာစေပါတယ်။အပူငွေ့တွေသုံးမယ့်အစား ရေအေးအေးထဲစိမ်ထားတဲ့အဝတ်စနဲ့ ဝက်ခြံပေါ်ကပ်ပေးတာ၊ရေခဲနဲ့ကြပ်ထုပ်သလို လုပ်ပေးတာတွေက ဝက်ခြံတွေကိုပိုပြီး လျော့ပါးစေပါတယ်။

၂။ ဝက်ခြံပျောက်စေတဲ့ပစ္စည်းတွေအမျိုးမျိုးသုံးတာကို ရှောင်ပါ။

ဝက်ခြံတွေထွက်တဲ့အခါ ဟိုအလှကုန်ကောင်းနိုးနိုး ဒီအလှကုန်ကောင်းနိုးနိုး အကုန်လျှောက်မသုံးပါနဲ့။

အလှကုန်ပစ္စည်းတွေက စစသုံးချင်းတစ်ရက်နှစ်ရက်မှာ အာနိသင်ချက်ချင်းတန်းမပြနိုင်ပါဘူး။အဲဒါကြောင့် တစ်ရက်လောက်စမ်းသုံးပြီး ဒီတစ်ခုနဲ့မသက်သာဘူး နောက်တစ်ခုပြောင်းသုံးမယ်ဆိုတဲ့အတွေးကိုရှောင်ပါ။

၃။ Scrubမလုပ်ပါနဲ့

တော်တော်များများက ဝက်ခြံတွေထွက်လာပြီဆိုရင် မျက်နှာမှာ ချွေးပေါက်တွေပိတ်နေလို့၊အသားအရေညစ်နေလို့ ဆိုပြီး စိတ်ထဲမှာတွေးတတ်ကြပါတယ်။

အဲဒီလိုစဉ်းစားမိတာနဲ့ တပြိုင်နက်ပြေးမြင်မိတာက မျက်နှာကို ဂျီးချွတ်ပြီးScrubလုပ်ကြဖို့ပါ။အနည်းဆုံး Scrubလုပ်ရင် Chemicalပါတဲ့ပစ္စည်းတစ်ခုခုနဲ့ ထိတွေ့ရမှာပါ။အဲဒီChemicalတွေက အသားကိုပိုပါးစေတဲ့အပြင် ဝက်ခြံတွေနဲ့ထိမိတဲ့အခါ ပိုကြွလာစေပါတယ်။Scrubလုပ်တဲ့အခါ ပါဝင်တဲ့အမှုန်လေးတွေက မျက်နှာကိုပွတ်တဲ့အခါ ဝက်ခြံတွေကို နီစေပါတယ်။ဒါကြောင့်ဝက်ခြံထွက်နေတဲ့ကာလမှာ Scrubမလုပ်တာအကောင်းဆုံးပါ။

၄။ ဝက်ခြံတွေကို တတ်နိုင်သမျှမညှစ်ပါနဲ့၊မကုတ်ပါနဲ့။

ဆားဝက်ခြံလိုမျိုးတွေက ညှစ်ရင်သိပ်ပြီး ပြဿနာမရှိပေမယ့် ဝက်ခြံအကြီးတွေထွက်ခဲ့အခါမညှစ်တာအကောင်းဆုံးပါ။တခါတလေဝက်ခြံအကြီးတွေထွက်ရင် ထိလိုက်ရင်နည်းနည်းနာသလိုရှိတတ်ပါတယ်။ကိုယ်ကမနေနိုင်လို့ ညှစ်မယ်ဆိုရင်လည်း ဝက်ခြံထဲမှာရှိတဲ့အဖြူအဆံလေးထွက်အောင်ညှစ်ပြီးရပ်ထားပါ။အတင်းဆက်ညှစ်မယ်ဆိုရင် လက်သည်းကနေပိုးဝင်တာ၊သွေးထွက်တာ၊အမာရွတ်တွေ ချိုင့်ခွက်တွေကျန်ခဲ့တာတွေ ဖြစ်နိုင်ပါတယ်။

၅။ နေထိုင်မှုပုံစံပြောင်းလဲပါ။

တစ်ခါတစ်ရံမှာ ဝက်ခြံထွက်တာ ဟော်မုန်းတွေကြောင့်ဖြစ်တတ်သလို အိပ်ရေးပျက်တာ၊စိတ်ဖိစီးတာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။အဲဒါကြောင့်တတ်နိုင်သမျှအိပ်ရေးဝအောင် အိပ်ပါ။စိတ်ကို အပန်းဖြေပါ။ရေဓာတ်ပြည့်ဝတဲ့အသီးအနှံတွေစားပေးပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။