နာမည်ရအဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သူမနဲ့ပက်သက်တဲ့ ကော လဟာလတစ်ချို့ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်မှ မင်္ဂလာဆောင် ခဲ့တဲ့သူမဟာ လက်ရှိမှာတော့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းစကားတွေထွက်လာတာနဲ့ ပက်သက်ပြီး ပြန်လည်ဖြေရှင်းခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေတာမဟုတ်ဘူးလို့ဆိုပါ တယ်။ ဘယ်သူစပြောလိုက်မှန်းမသိပေမယ့် သူမကိုယ်ဝန်ရှိနေတယ်ဆိုတာတော့ မဟုတ် ဘူးလို့ဆိုပါတယ်။ ကလေးယူဖို့ကိုလတ်တလောမစဉ်းစားသေးဘူးလို့ဆိုပါတယ်။ အနုပညာ လုပ်ငန်းတွေကိုပဲ ကြိုးစားပြီး လုပ်နေဦးမှာဖြစ်တာကြောင့် ကလေးယူဖို့လဲအစီအစဉ်မရှိ သေးပုံရပါတယ်။

သူမအနေနဲ့က အနုပညာသမားတစ်ဦးဖြစ်တာကြောင့် ဒီလိုကောလဟာလ သတင်းထွက် တယ်ဆိုတာ မထူးဆန်းတော့တာမို့ ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှမခံစားရဘူးလို့ဆိုပါတယ်။ 2018 တစ်နှစ်တာလုံးမှာ ပရိတ်သတ်အတွက် အများကြီးကြိုးစားသွားမယ်လို့ဆိုပါတယ်။ လက်ခံထားတဲ့ကားရိုက်လေးတွေကို ရိုက်ကူးမှာဖြစ်ပြီး 2017 မှာရိုက်ကူးခဲ့တဲ့ ဇာတ်ကား တွေ ရုံတင်ဖို့ကိုလဲမျှော်လင့်နေတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ စိတ်ကူးထားတာကို တကယ်အကောင်အထည်ဖော်ဖြစ်မှပဲ ပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘယ်ကိစ္စကို မဆို အထွေအထူးဖြေရှင်းလေ့မရှိပဲ အချိန်တန်ရင်ပြီးသွားမှာပဲလို့ သတ်မှတ်ထားတယ် လို့ဆိုပါတယ်။

လက်ရှိမှာ အများထင်နေကြသလို သူမမှာကိုယ်ဝန်ရှိနေတာမဟုတ်ပါဘူးလို့ဆိုပါတယ်။ ဒီလိုကိစ္စဟာလည်း ဖုံးကွယ်ထားလို့ရတဲ့ကိစ္စမဟုတ်တာကြောင့် လိမ်စရာမလိုပါဘူးလို့ ဆိုပါတယ်။ အမှန်တကယ်သာ သူမကိုယ်ဝန်ရှိနေခဲ့တယ်ဆိုရင် တဖြည်းဖြည်းနဲ့ လရင့် လာပြီး ဗိုက်ကစူထွက်လာမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အနုပညာသမားတိုင်းကြုံရတဲ့ အရာက တော့ ကောလဟာလပါပဲ။ အကြောင်းအရာတွေသာကွဲပြားသွားပေမယ့် ကောလဟာကဆိုတဲ့ အရာကတော့ အနုပညာသမားတိုင်းကြုံကြတာပဲမို့ နန်းမြတ်အနေနဲ့လည်း ဘယ်လိုမှမခံစား ရတာမို့ ဒီအကြောင်းအရာကို ရယ်ရယ်မောမောလေးနဲ့ပဲ Interview တစ်ခုမှာ ပြောပြဖြေ ရှင်းခဲ့ပါတယ်။

Source – Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။