လာမည့် ဇန်နဝါရီလ ၆.၁.၂၀၁၈ ရက်နေ့ စနေနေ့တွင် တောင်ငူမြို့ ကေတုမတီ မိုးလုံလေလုံ ခန်းမတွင် မြန်မာ ထိုင်းလက်ဝှေ့ပွဲကို ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း လက်ဝှေ့ချစ်ပရိသတ်များအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ အဆိုပါပွဲတွင် တွဲဆိုင်း ၁၀ ဆိုင်းပါဝင်ပါတယ်။ အဓိက ပွဲကြီး ၃ပွဲအထိပါဝင်ပြီး မြန်မာ ထိုင်း ရိုးရာ လက်ဝှေ့ ကောင်းများကို ကြည့်ရူရမှာပဲဖြစ်ပါတယ်။

အဆိုပါနေ့တွင် တောင်ငူကလပ် လက်ဝှေ့ကျော်များဖြစ်ကြတဲ့ ထွန်းနိုင်ဦး(တောင်ငူ/STLကလပ်)နှင့် ပါဝိ(ထိုင်း)၊ ခွန်ညဏ်လင်းအောင်(တောင်ငူ/ဘီလပ်မြေစက်ရုံ) နှင့် ဖားမွန်ခွန် (ထိုင်း) ခွန်လင်းထက်(နတ်ရွာ/ဘီလပ်မြေစက်ရုံ) နှင့် ဖိုက်ကေ(ကျားဖြူ) တို့ ပွဲများအပါအဝင်အခြားပွဲများလည်းပါဝင်ကြောင်းသိရပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ချစ်ပရိသတ်များအတွက်လည်း ပွဲကောင်းများဖြစ်လာမှာအသေချာပဲဖြစ်ပါတယ်။တောင်ငူမြို့ ကေတုမြေရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ လွတ်လပ်ရေးပွဲတော်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ချစ်ပရိသတ်များအတွက် (၆.၁.၂၀၁၈) စနေနေ့တွင် တောင်ငူမြို့ ကေတုမတီမှာကျင်းပမည့် မြန်မာ ထိုင်း ရိုးရာလက်ဝှေ့ပွဲအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။ ရိုးရာလက်ဝှေ့ချစ်ပရိသတ်ကြီးအတွက် တွဲဆိုင်းပုံများနှင့်အတူပြသလိုက်ပါတယ်။

Source - Thet Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။