ရှေ့ဖြစ်ဟောတွေနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့တဲ့ မျက်မမြင်အဖွားအိုရဲ့ ဟောကိန်းများစွာထဲမှာ (၂) ခုကတော့ ဖြစ်လာမလား၊မဖြစ်လာဘူးလားဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အပြောင်းအလဲကြီး ၂ ခုဖြစ်မယ်လို့ မျက်မမြင် ရှေ့ဖြစ်ဟောကိန်းထုတ်သူ ဘာဘာဗန်ဂါက ဟောကိန်းထုတ်ခဲ့ကြောင်း သူမကို ယုံကြည်သူတွေက အခိုင်အမာ ပြောလိုက်ပါတယ်။

လာမယ့် ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးရဲ့ အနာဂတ် စူပါ ပါဝါ အင်အားအကြီးဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံလက်ထဲကနေ လွှဲပြောင်းယူမယ်၊ အင်္ဂါဂြိုဟ်ပေါ်မှာ စွမ်းအင်ပုံစံအသစ်တခု တွေ့မယ်လို့ သူမက ဟောကိန်းထုတ်ခဲ့ကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဘာဘာဗန်ဂါက ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ဘရက်စစ် (Brexit) ကိစ္စ၊ အမေရိကန်နိုင်ငံရဲ့ 9/11 အရေး၊ အိုင်အက်စ်တွေ အင်အားတိုးပွားမယ့်အရေး၊ ဆူနာမီဖြစ်တဲ့နေ့ စတာတွေကို မှန်မှန်ကန်ကန် ဟောကိန်းထုတ်နိုင်ခဲ့တယ်လို့ သူမကို ယုံကြည်သူတွေက ပြောပါတယ်။

ဘာဘာဗန်ဂါဟာ သဘာဝဘေးအန္တရာယ်တွေ၊ ကမ္ဘာစစ်ကြီးတွေ မဖြစ်ခင် ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တယ်လို့ တွေးခေါ်ပညာရှင်တချို့က ယုံကြည်ယူဆနေကြပါတယ်။ 

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။