ပရီမီးယားလိဂ်ရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းကတော့ လက်ရှိ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာနဲ့ ၁၂ မှတ်ဖြတ်နိုင်ခဲ့ပါပြီ။ မန်စီးတီးအသင်းဟာ ဒီနှစ်ရဲ့ အကောင်းဆုံးကံများပိုင်ဆိုင်ထားပြီး ရူံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်နေတုန်းလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လာမည့် ဇန်နဝါရီအပြောင်းအရွေ့တွင် ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူရန်ကြိုးစားနေကြောင်းသိရပါတယ်။ 

မန်စီးတီးအသင်းဟာ ဗန်ဒိုက်ကို ပြောင်းရွေ့ကြေး ပေါင်းသန်း ၆၀ ဖြင့် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့တွင် ခေါ်ယူရန်နီစပ်နေကြောင်း Daily Star ကရေးသားဖော်ပြခဲ့သည်။ လီဗာပူးလ် ၊ ချယ်လ်ဆီးအသင်းများကလည်း ဗန်ဒိုက်ကိုခေါ်ယူရန် စိတ်ဝင်စားနေကြပြီး မန်စီးတီးကတော့ ယအသင်းများထက် လက်ဦးမှုရယူနိုင်ခြေ ပိုများနေခြင်းဖြစ်ပါတယ်။ဗြိတိန်မီဒီယာများက မန်စီးတီးအသင်းသည် ဗန်ဒိုက်၏အပြောင်းအရွေ့အတွက် ဆောက်သမ်တန်အသင်းနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းခံစစ်ပိုင်းတွင် အသင်းခေါင်းဆောင် ကွန်ပနီရဲ့ ကြံ့ခိုင်မှုအခြေနေကို စိုးရိမ်ရမှု၊ မန်ဂါလာ၏ပုံမှန် ခြေစွမ်းမရှိမှုများကြောင့် ဗန်ဒိုက်ကိုခေါ်ယူရန် အဓိက ပစ်မှတ်ထားကြောင်းပြောပြခဲ့သည်။ သို့သော် ဗန်ဒိုက်အနေဖြင့် မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် နေရာကိုတော့ အာမခံချက်ရှိမည် မဟုတ်ကြောင်းလည်း သတင်းများက သုံးသပ်ခဲ့ကြပြီး ဂျွန်စတုန်းစ်၊ အော်တာမန်ဒီတို့ နှင့်အတူ ပထမကစားသမားနေရာအတွက် အပြိုင်လုရဖွယ်ရှိနေသည်။

Source - ES

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။