နာမည်ရသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လေးနွယ်တစ်ယောက် ပဲခူးမြို့က Shwe Pyi Resort မှာ အပန်းဖြေခရီးအဖြစ် ရောက်ရှိနေပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ပုံရိပ်လေးတွေကို ရိုမန်းတစ် ဆန်ဆန် ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေမှာ သူမကို များများစားစာ မတွေ့ ရတော့ပဲ သီချင်း MTV တစ်ချို့လောက်မှာပဲ မြင်ရတတ်ပါတယ်။ ယခင် က အနုပညာလုပ်ငန်းတွေနဲ့ အကျွမ်းတဝင်ရှိခဲ့ပေမယ့် လက်ရှိနောက်ပိုင်းမှာတော့ အနု ပညာလုပ်ငန်းတွေနဲ့ သိပ်နီးစပ်တာကို မတွေ့ရတော့ပါဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတာမို့ အနုပညာလုပ်ငန်းဖက်ကို သိပ်ဦးစားမပေးဖြစ် ဘူးလို့ဆိုပါတယ်။

ကိုယ်ပိုင်အထည်ဆိုင်လေးဖွင့်လှစ်ထားပြီး အင်္ကျ ီချုပ်လုပ်တဲ့ ဒီဇိုင်နာသင်တန်းကိုလည်း တက်ရောက် နေတယ်လို့ဆိုပါတယ်။ အခုချိန်ထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်ပဲရပ်တည် နေတာဖြစ်ပြီး အိမ်ထောင်ပြုဖို့ကိုတော့ လတ်တလောမစဉ်းစားသေးဘူးလို့ဆိုပါတယ်။ တူလေး တူမလေးတွေနဲ့ပဲ နေရတာပျော်ပါတယ်လို့ဆိုပါတယ်။ အိမ်ထောင်ပြုဖို့ကိစ္စနဲ့ ပက်သက်ပြီး တော့ စကားကိုအကုန်မပြောလိုဘူးလို့ သူမကဆိုပါတယ်။ လက်ရှိမှာတကိုယ်တည်းဖြစ် နေပေမယ့် တစ်ချိန်ချိန်မှာ ကိုယ်နဲ့သင့်တော်သူတွေ့ရင်လည်း အိမ်ထောင်ပြုဖြစ်မှာပါလို့ Interview တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

သူမရဲ့ ပဲခူး Shwe Pyi Resort မှာ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေက တကယ်ကိုချစ်စရာ ကောင်းလှပါ တယ်။ ပန်းရောင်ဇာဝမ်းဆက်တောက်လျောက်ဘောင်းဘီအတိုလေးကို ဝတ် ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုအပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လို ပေါ့ပါးလွတ်လပ်ပျော်ရွှင်နေပါတယ်။ Pose အမျိုးမျိုးပေးပြီး ရိုက်ကူးထားတဲ့ သူမရဲ့ချစ်စရာ ကောင်းတဲ့ အလှပုံရိပ်လေးတွေကို ခင်လေးနွယ်ရဲ့ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်တယ်နော်။

Photo – Khin Law Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။