မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုဂ်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ၁၈ ပွဲဆက်နိုင်ပွဲရယူခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ရှုံးပွဲမရှိသေးပဲ ရမှတ် ၅၈ မှတ်ရယူထားကာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာက မန်ယူအသင်းကို ၁၅ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟို့စ်လူ၊ မာဖီ၊ ရှယ်ဗီး၊ ဒိုင်ယာမီ၊ အာရွန်၊ မန်ကွီလို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စတားလင်း၊ အဂူရို၊ ဘာနန်ဒိုဆေးဗာလ်း၊ ဂန်ဒိုဂမ်၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ကျဉ်မြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမဲ့ တစ်ပွဲလုံးဖိအားပေးတိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၃၁ မိနစ်မှာ စတာလင်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂိုးသွင်းခြေတွေ့နေတဲ့ စတာလင်းကတော့ နည်းပြဂွာဒီယိုလာ လက်အောက်မှာ အများကြီးတိုးတတ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ ဒီဘရိုင်းက ရရှိခဲ့တာလည်းဖြစ်ပါတယ်။နယူးကာဆယ်အသင်းကတော့ ဖိအားတွေနဲ့ ဆက်လက်ရုန်းကန်ရအုံးမှာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။