ဒီနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့စ် အသင်းဟာ အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို လက်ခံကစားသွားရမှာလည်း ဖြစ်ပါတယ်။ရာသီအစက ရလဒ်တွေဆိုးဝါးနေတဲ့ ခရစ်စတယ်ပဲလေ့စ် အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေငြိမ်လာခဲ့ပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဆင့် ၄ နေရာကို ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ စပါး၊ လီဗာပူလ်းအသင်းတို့နဲ့ အမှတ်ကွာဟမှုမရှိအောင် အနိုင်ကစားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ရမှတ် ၃၄ မှတ် ရရှိထားပြီး အဆင့် ၆ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ခရစတယ်ပဲလေ့စ် အသင်းဟာ ရမှတ် ၁၈ မှတ်ရရှိထားကာ အဆင့် ၁၆ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ခရစ္စတယ်ပဲလေ့စ် အသင်းဟာ တန်းဆင်းဇုံ ဖိအားအောက်ကနေ ရုန်းထွက်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။ခရစ်စတယ်ပဲလေ့စ် အသင်းဟာ နောက်ဆုံးငါးပွဲမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး ၂ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကလည်း နောက်ဆုံးငါးပွဲမှာ ရှုံးပွဲမရှိအောင်ကစားထားပြီး ၂ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ပဲလေ့စ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဇာဟာ၊ ဘန်တီကီ၊ တောင်ဆန်၊ ကာဘာရီ၊ မီလီဗိုဂျီဗစ် ၊ လိုတက် တို့ကိုထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ် ၊ အီဝိုဘီ၊ အိုဇေလ်း၊ ဆန်းချက်၊ ဝီရှိုင်းယား၊ ဇာခါ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ အာဆင်နယ်အသင်းအနိုင်ရယူသွားဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ဒီနှစ်သင်းရဲ့ ဖိအားတွေအောက်က ယှဉ်ပြိုင်ရမဲ့ ပွဲကတော့ အကြိတ်အနှယ်ရှိမှာ အသေအချာပါပဲ ။ ဘယ်အသင်းအနိုင်ရယူသွားနိုင်မှာလဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။