"သေချာတဲ့ ဘဝလက်တွဲဖော်မျိုးတွေ့ရင် ပရိသတ်ကို သေချာအသိပေးမှာပါ" ဆိုတဲ့ သွန်းဆက်

အနုပညာလောကရဲ့ နောက်တက်မင်းသမီးတွေအနက် ပရိသတ် သတိပြုမိပြီး နေရာရလာသူလေးကတော့ သွန်းဆက် ပဲဖြစ်ပါတယ်။ သွန်းဆက် ဟာ သူမရဲ့ ပင်ကိုယ်သရုပ်ဆောင်စွမ်းရည် တမူထူးတဲ့ အသွင်အပြင်တွေနဲ့အတူ ပရိသတ်အခိုင်အမာရရှိထားပြီး အောင်မြင်နေသူလည်း ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ပရိသတ်တွေအတွက် သူမပြောပြတဲ့ သူမရဲ့အချစ်ရေးအကြောင်းကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်…………

"အရင်တုန်းကလည်း အဲ့လို အသည်းကွဲနေတယ်ဆိုပြီး အရမ်းနာမည်ကြီးသွားသေးတယ်။ အဲ့တုန်းကလည်း လူတော်တော်များများ share ကြပြီး သနားပါတယ်ဆိုပြီး ပရိသတ်တွေကော အကုန်လုံးကကောပြောတာပေါ့နော်။ အဲ့တာနဲ့ ပတ်သတ်ပြီးအခုဟာ ဘာမှမရှိတော့ဘူးပေါ့နော်။ အခုဟာ အေးအေးဆေးဆေးဖြစ်နေပြီ။ အချစ်ရေးကလည်း တည်တည်ငြိမ်ငြိမ်ပဲ။ ဒီထက်ပိုပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင် လက်တွဲသွားရမှာပေါ့။ တကယ် သွန်းဆက်အတွက် သေချာတဲ့ ဘဝလက်တွဲဖော်မျိုးတွေ့ပြီဆိုရင် သွန်းဆက်ဘက်က public ကိုတင်ပြမှာ ပရိသတ်တွေကို ပုံတွေဘာတွေတင်ပြီးတော့ကို သေချာအသိပေးမှာပါ။ လောလောဆယ် public ကိုချမပြသေးဘူးဆိုတာ ဘာတွေဘယ်လိုကြုံလာနိုင်မလည်းဆိုတာ မသိနိုင်သေးဘူးလေ။ အဲ့တာကြောင့်ပါ" ဆိုပြီး သွန်းဆက်အနေနဲ့ သူမရဲ့ လက်ရှိအချစ်ရေးအကြောင်းကို ပြောပြသွားခဲ့ပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။