ပရိသတ်တွေနဲ့ ငယ်စဉ်ဘဝကတည်းက ရင်းနှီးနေသူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူကတော့ မင်းသမီးချောလေး ယွန်းယွန်း ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ယွန်းယွန်းဟာ ယခုဆိုရင် ဆယ်ကျော်သက်အရွယ်ကိုတောင် ရောက်ရှိလို့နေပြီး တက္ကသိုလ်တက်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။

ကလေးသရုပ်ဆောင်အဖြစ်သာ သိခဲ့တဲ့ ပရိသတ်တွေကို "မနေ့က ဖြစ်သည်" ဇာတ်လမ်းတွဲနဲ့ ဆယ်ကျော်သက်အနုပညာရှင်အဖြစ် အစွမ်းကုန်ကြိုးစားပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အထူးရရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သတ်ပြီး သိပ်မတွေ့ရပေမဲ့ ဓာတ်ပုံ ကြော်ငြာတွေမှာတော့ မကြာခဏရိုက်ကူးလို့နေတာ တွေ့ရပါတယ်။ တလောက အချစ်ရေးနဲ့ပတ်သတ်ပြီး ကောလဟာလတွေ ထွက်ခဲ့ပေမယ့် သူမဖက်ကတော့ ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

ယွန်းယွန်းဟာ နာမည်ကြီး အနုပညာရှင်စာရင်းဝင် တစ်ဦးဖြစ်ပြီး အနုပညာရှင်တွေ တက်ရောက်တဲ့ပွဲတိုင်းကို ဖိတ်ကြားခြင်း ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ လိုက်ဖက်အောင် ပွဲတက်တိုင်းဝတ်ဆင်ခဲ့တဲ့ သူမရဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုတွေဟာလည်း ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ အထူးအာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ယွန်းယွန်းလေးရဲ့ ဖက်ရှင်ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်......

Photo Source: Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။