အသားပိုကို ဖယ်ရှားနိုင်မဲ့ နည်းလမ်းတွေကတော့ အများကြီး ရှိပေမဲ့ အခန့်မသင့်ရင် သွေးထွက် နာကျင်စေသလို၊ ရောင်ကိုင်း လာစေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီ အသားပိုလေးတွေကို ပျောက်ကင်းဖို့အတွက် သဘာဝ အိမ်တွင်းကုထုံးများလည်း ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဓာတုဆေးတွေကို မခံစားချင်သူများ အနေနဲ့ အိမ်တွင်းကုထုံးနည်းလေးတွေကို စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

(၁) လက်ဖက်စိမ်းဆီ

အသားပိုကို သန့်စင်ဆေးကြောပါ။ ဂွမ်းစကို ရေဆေး၍ စင်အောင်ရေညှစ်ထုတ်ပြီး၊ လ္ဘက်စိမ်းဆီ ၃-စက် လောက်အစက်ချ၍ အရေပြားနဲ့ ထိကပ်နေသောအသားပို အောက်ခြေကို ပြုတ်ထွက်လုမတတ် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပေးပါ။ တနေ့ ၂-ကြိမ်ကျ လိမ်းပေးရုံမျှဖြင့် ၄ ပတ်ခန့် အကြာမှာ အသားစိုင်တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(၂) သံပုရာရည်

ဂွမ်းလုံးလေးကို သံပုရာရည်ထဲနှစ်စိမ်ပြီး၊ အသားပို ပေါ်လိမ်းပါ၊ သံပုရာရည်ခြောက်သွားတိုင်း မကြာခဏ ထပ်လိမ်းပေးပါ။ များမကြာမီ ကာလအတွင်း အသားပိုခြောက်ပြီး သူ့အလိုလိုကြွေကျသွားပါလိမ့်မယ်။

(၃) ဌက်ပျောခွံ

ငှက်ပျောခွံကို အသားပိုုဖုံးအုပ်နိုင်လောက်တဲ့ အရွယ်အစားထိ ရအောင်လိုသလို လှီးဖြတ်ပါ။ ပြီးရင် ဌက်ပျောခွံ အတွင်းပိုင်းနဲ့ အသားပိုတစ်ခုလုံးကို တညဖုံးအုပ်၍ အိပ်ပါ။ အသားပိုအရွယ်အစား အကြီးသေးပေါ်မူတည်ကာ ရက်အနည်းငယ်ခန့်အကြာ သူ့အလိုလိုကြွေကျသွားပါလိမ့်မယ်။

(၄) သွားကြားသန့်ရှင်းရန်သုံးသည့်ချည်မျှင်

သွားကြားသန့်ရှင်းရန် သုံးသည့်ချည်မျှင်ကို အရေပြားနဲ့ကပ်နေသော အသားပိုအောက်ခြေမှ သွေးမလျှောက်အောင် တင်းနိုင်သမျှှ တင်းကြပ်နေအောင် ၂၄-နာရီစည်းနှောင်ထားပါ။ ၂-ပတ်ခန့်အကြာမှာ အသားပိုအရွယ်အစားကျုံ့သေးသွားပြီး၊ ၃-ပတ်လောက်အကြာမှာတော့ အသားပိုခြောက်သွားပါတယ်။ 

(၅) ကြက်ဆူဆီ နှင့် ဆော်ဒါမှုန့်

ကြက်ဆူဆီကို ဆော်ဒါမှုန့်ကို ပျစ်နေအောင်ရောနယ်ပြီး၊ အသားပိုပေါ်လိမ်းကျံ၍ ပိတ်တီးစည်းပြီးအိပ်ပါ။ မနက်ရောက်တဲ့ အခါ ပတ်တီးဖြေ၍ ရေနွေးဖြင့်သန့်စင်ပါ။ အသားပိုကြွေမကျမချင်း ညအိပ်ယာဝင်ခါနီးတိုင်း ၁-ပတ်(သို့မဟုတ်)၁၀-ရက်ခန့်ကြာ အောင် လိမ်းအိပ်ပါ။

(၆) ပန်းသီးဖြင့်လုပ်ထားတဲ့ရှာလကာရည်

အသားပိုကိုဆပ်ပြာရည်ဖြင့် သန့်စင်အောင်ဆေးကြော၍ ရေခြောက်အောင် သုတ်ပြီးနောက်၊ ဂွမ်းလုံးလေးကို ပန်းသီး ရှာလကာရည်မှာနှစ်စိမ်ပြီး ဂွမ်းလုံးလေးကိုစက်ဝိုင်းပုံသဏ္ဌာန်လှိမ့်၍ အသားပိုမှာ ပွတ်လိမ်းပေးပါ။ တလခန့်အကြာ အသားပိုကြွေကျသွားပါလိမ့်မယ်။

(၇) ကြက်သွန်နီ

ကြက်သွန်နီကိုအတုံးတုံးပြီး၊ ဆားရည်ခွက်ထဲမှာတနေကုန်စိမ်ထားပါ။ ညအိပ်ခါနီး ထိုကြက်သွန်နီဆားရောသတ္တုရည်ကို အသားပိုပေါ်လိမ်း၊ ပတ်တီးစည်းပေးပြီး နံနက်ရောက်တဲ့အခါ ရေနွေးဖြင့် သန့်စင်ပါ။ ထိုနည်းအတိုင်း ညစဉ်ရက်ဆက် ရက်သတ္တ ၁-ပတ်မျှ လုပ်ပေးပါ။

(၈) နာနတ်သီးရည်

တစ်နေ့ ၂ကြိမ်/၃ကြိမ်ခန့် နာနတ်သီးသတ္တုရည်ဖြင့်အသားပိုကို လိမ်းပေးပြီးနောက် ရေလုံးဝမဆေးပါနှင့်။ တစ်ပတ် (သို့မ ဟုတ်) ဆယ်ရက်ခန့်အကြာမှာတော့ အသားပိုကြွေကျသွားပါလိမ့်မယ်။

(၉) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ထောင်းချေပြီးနောက် ရရှိလာသောသတ္တုရည်နှင့်အနှစ်တို့ကို အသားပိုပေါ်သုတ်လိမ်းပြီး ပတ်တီးစည်းနှောင် ထားပါ။ ထိုကဲ့သို့တစ်နေ့ ၃-ကြိမ်မှန်မှန်လိမ်း၍ ပတ်တီးအသစ်လဲလှယ်ပေးပါ။

(၁၀) ရှားစောင်းလက်ပပ်ဂျယ်လ်

ရှားစောင်းလက်ပပ်ဂျယ်လီကို အသားပိုပေါ် နေ့စဉ်နေ့တိုင်းလိမ်းပေးပါ။

(၁၁) လက်သည်းဆိုးဆေး

အသားပိုတစ်ခုလုံး ဖုံးအုပ်သွားအောင် လက်သည်းဆိုးဆေးဖြင့်ဆိုးပေးပါ။ လက်သည်းဆိုးဆေးခြောက် သွားတဲ့အခါ ထပ်၍ ဆိုးပေးပါ။ ဤနည်းအတိုင်း တနေ့ကို ၃-ကြိမ်ဆိုးပေးခြင်းဖြင့် ရက်အနည်းငယ် အကြာမှာ အသားပိုလုံးကြီးရာမှသေး/သေးရာမှ ချပ်သွားစေပါတယ်။

(၁၂) ဗီတာမင်အီး

ဗီတာမင်းအီးကို ကြက်သွန်ဖြူ/ကြက်သွန်မြိတ်တို့ဖြင့် ရောထောင်းပြီး တညလုံးလုံး အသားပိုပေါ်ကပ်၍အိပ်ပါ။ ညစဉ်ကပ် အိပ်ပြီး ၂-ပတ်ခန့်အကြာမှာတော့ အသားပိုက သူ့အ လိုလို ပျောက်သွားပါလိမ့်မယ်။

(၁၃) ဂျင်း

ဂျင်းကိုခပ်ပါးပါး အပြားလေးလှီးပြီး၊ ပွတ်တိုက်ပေးခြင်းဖြင့် ရက်သတ္တတ် ၂-ပတ်အကြာ အသားပိုကြွေ ကျသွားပါလိမ့်မယ်။

အထူးသတိထားရမဲ့ အချက်ကတော့ ဖော်ပြပါ အိမ်တွင်းကုထုံးများကို မျက်လုံးတစ်ဝိုက် အသားပိုများ အတွက် အသုံးပြုမယ်ဆိုရင်တော့ ရွေးချယ်တဲ့ ပစ္စည်းလေးတွေကို သတိထားစေချင်ပါတယ်။ အိမ်တွင်းကုထုံးလေးတွေကို ပြုလုပ်နေစဉ်အတွင်း အသားပိုများ ပိုကြီးလာခြင်း၊ အရောင်ပြောင်းခြင်း၊ လွန်စွာနာကျင်ကိုက်ခဲခြင်း၊ ပိုမိုပွားများလာခြင်းရှိခဲ့လျှင် အချိန်မဆွဲဘဲ အရေပြားဆရာဝန် နှင့် အမြန်ဆုံးပြသရန် တိုက်တွန်းချင်ပါတယ်။

Source: Removal Skin Tag (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။