(၁) မစဉ်းစားပဲသုံးတယ်

ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို

ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

“လိုအပ်တာ” နဲ့“လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင်

မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်။

ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်

(၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း

သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို

တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ credit အကြွေး ကဒ်တစ်ခုခုအကြွေး အပြင်က အကြွေး

အရစ်ကျပေးချေခြင်းအကြွေး၊စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ၊

ဒီတော့ ဒီအချက်တွေက သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ။  

(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း

ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း / အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း /

ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း/ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း / ဒီလ မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် / ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ။

(၄) အပိုငွေ အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း

ငွေရေးကြေးရေး plan မချခြင်း ၊အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ်။

ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု -

(၁) ဝင်ငွေ - ထွက်ငွေအရင်း

(၂) ငွေရေးကြေးရေး အခြေအနေ အရင်း

(၃) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်။

(၅) စုငွေကို အထင်သေးခြင်း

စုငွေရဲ့ အဓိက အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ။ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ။ 

(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်

ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘော

နဲ့တူတူပါပဲ ၊ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ်၊ ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်

(၇) ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး

ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ်။ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ၊ ငွေဝင် ငွေထွက်ကို control လုပ်ပါ၊ ငွေစုပါ၊ ပြီးရင် အရင်းအနှီးလုပ်ပါ ) ... သင်ဒီနေ့ကနေစလိုက်ပါ..  

source - သုတအဖြာဖြာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။