ဟာသသရုပ်ဆောင် ဒိန်းဒေါင်ဟာ ဒီနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာပဲ မွေးနေကျရောက်လာခဲ့ပါတယ်။သူကတော့ မွေးနေ့ကို ပျော်ရွှင်စွာဖြတ်သန်းနေပြီး သူနေတဲ့ မြောက်ဥက္ကလာမြို့နယ်မှာပဲ အလှူအတန်းများပြုလုပ်ခဲ့ပါတယ်။မွေးနေ့ကို သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရှိ လမ်းသူ လမ်းသားများအား ဆန်တစ်ပြည် ၊ ကလေးတစ်ယောက်ကို မုန့်ဖိုး(၁၀၀၀) စီ နဲ့ ကြာဇံကြော် ကျွေးမွေးပြီး အလှူဒါန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မွေးနေ့ကို မွန်မြတ်တဲ့အလှူလေးလုပ်ပြီး ဖြတ်သန်းနေတာပါ။သူရဲ့သမီးလေးဖြစ်တဲ့ မြတ်နိုးဦးကလည်း အဖေဖြစ်သူကို အခုလိုပဲဆုတောင်းပေးခဲ့ပါတယ် ချစ်ရသောဖေဖေ ပထမဦးဆုံးပြောချင်တာကတော့ ဒီနေ့မွေးနေ့ 44 နှစ်မြောက်မှသည် နောင်နှစ်ပေါင်း ၁၀၀ကျော်ထိတိုင်အောင် ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုုင်ပေးပါ  

ဒုတိယပြောချင်တာကတော့ ဖေကြီးပေါ် အသိတတ်ဆုံးဒီသမီးလေးကိုလဲ အနုပညာအလုပ်တွေလုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခဏခဏ ပုံပြင်မပြောပါနဲ့ တတိယပြောချင်တာကတော့ ဒီသမီးလေးတွက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသော တစ်ဦးတည်းသောဟာ ဖေကြီးတစ်ယောက်ထဲပါပဲ”လို့ဆုတောင်းပေးထားပါတယ်။ 

source - myat noe oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။