အခုနောက်ပိုင်းမှ matte နှုတ်ခမ်းနီများတွေက အရမ်းကိုခေတ်စားလာပါတယ်။ နှုတ်ခမ်းသားလေးကိုခြောက်သွေ့ကာ အရောင်ထွက်ကောင်းတာကြောင့် သဘောကျဖို့ကော င်းပါတယ်။ ဒါပေမယ့်လည်း ဒါဟာတခါတလေပဲကောင်းပါတယ်။ နေ့စဉ်အသုံးပြုနေမ ယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဒီလိုပြသာနာလေးတွေဖြစ်ပေါ်လာနိုင်ပါတယ်။

Matte နှုတ်ခမ်းနီတစ်မျိုးပဲ ဆိုးတဲ့အခါ နှုတ်ခမ်းကအစိုဓာတ်မရှိတော့ပဲ ခြောက် သွေ့လာစေပါတယ်။ ပင်ကိုနှုတ်ခမ်းအရောင်ကိုညှိမည်းစေပြီး အပေါ်ယံအရေပြားများ ကွဲအက်လာစေပါတယ်။ နှုတ်ခမ်းပေါ်မှာရှိတဲ့ ဆဲလ်တွေဟာ ပျက်စီးလာတာကြောင့် အမဲစက်နဲ့ ပုံစံမကျတော့တဲ့ နှုတ်ခမ်းကို ဖြစ်စေပါတယ်။ မဆိုးရဘူးလို့ဆိုလို တာမဟုတ် တာကြောင့် အခြားအစိုဓာတ်ပါတဲ့ အရောင်လှလှနှု တ်ခမ်းနီလေးတွေကိုလည်း ပြောင်းသုံးပေးဖို့ မမေ့ပါနဲ့နော်။

ဒါကြောင့် matte ဆိုးတဲ့အခါ အစိုဓာတ်ထိန်း cream နဲ့ အဆီဓာတ်ပါတဲ့နှုတ်ခမ်းနီအဆီကို အရင်ဆုံးဆိုးပေးသင့်ပါတယ်။ နှုတ်ခမ်းပေါ်ကဆဲလ်အသေတွေကို ဖယ်ရှားကာ ရေလုံလုံလောက်လောက်သောက်ပေးသင့်ပါတယ်။ နှုတ်ခမ်းနီမဖျက်ပဲ အိပ်ရာဝင်တာနဲ့ တနေ့မှာ နှုတ်ခမ်းနီ (၂)ကြိမ်အထက်ဆိုးတာတွေက နှုတ်ခမ်းသားကို ဆိုးရွားစွာပျက်စီး စေပါတယ်။ နှုတ်ခမ်းလေးကကြည့်ကောင်းနေမှ ကိုယ်ရဲ့လှပနေမှု အတွက် ယုံကြည်ချက်ရှိနေမှာ မဟုတ်လား ပျိုမေတို့ရေ ။

Source – Hello ဆရာဝန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။