ရှမ်းယူနိုက်တက်ဟာနောက်နှစ်ဘောလုံးရာသီအတွက်

နိုင်ငံခြားကစားသမားတွေအပြည့်ခေါ်ယူပြီးပါပြီ။အာရှအဆင့်

ပြိုင်ပွဲတွေယှဉ်ပြိုင်ဖို့အတွက်နိုင်ငံခြားသားပလေယာတွေ

တောင့်တင်းနေဖို့လည်းလိုပါတယ်။နိုင်ငံခြားပလေယာတွေ

ခေါ်ခဲ့ပေမယ့်ပြည်တွင်းကစားသမားတွေကိုတော့ထပ်မံခေါ်ယူ

တော့မှာမဟုတ်ဘူးလို့သိရပါတယ်။ပြည်တွင်းကစားသမား

တွေကိုခေါ်ယူမယ့်အစားရှမ်းလူငယ်အသင်းကပလေယာတွေ

ကိုသာအကြီးအသင်းဆီခေါ်ဆောင်ခဲ့တာတွေ့ရပါတယ်။

ရှမ်းလူငယ်အသင်းကတိုက်စစ်မှူးစအောင်ပြည့်ကို၊

ဂိုးသမားဘုန်းသစ္စာမင်းနဲ့တောင်ပံကစားသမား

ဇွဲသက်ပိုင်တို့ကိုအသင်းကြီးဆီခေါ်ယူခဲ့တာကိုတွေ့ရပါတယ်။

ရှမ်းစီနီယာအသင်းကြီးဆီခေါ်ယူခဲ့တဲ့ကစားသမား

တွေအားလုံးဟာမြန်မာသက်တမ်းအလိုက်လူငယ်

လက်ရွေးစင်ကစားသမားတွေဖြစ်ပါတယ်။လူငယ်တွေ

ကကောင်းနေလို့ပြည်တွင်းကစားသမားတွေ

ကိုထပ်မခေါ်တော့လို့လားမေးစရာရှိပေမယ့်ရှမ်းအသင်းရဲ့

Line -upကစားသမားအားလုံးနီးပါးလောက်ဟာ

မြန့်မာ့လက်ရွေးစင်အဆင့်တွေကြီးပါ။

ဂိုးသမားသီဟစည်သူကစလို့နောက်တန်းကဝင်းမင်းထွတ်၊

ထိုက်ထိုက်အောင်၊ဟိန်းသီဟဇော်၊အလယ်တန်းကတင်ဝင်းအောင်၊ရန်နိုင်ဦး၊ရှေ့တန်းက

ဒွေးကိုကိုချစ်၊ဇင်မင်းထွန်း၊ရွှေကိုစတဲ့ကစားသမားတွေအာလုံး

လက်ရွေးစင်အဆင့်တွေပါ။ဒါ့အပြင်၂၀၁၇ ဘောလုံးရာသီ မစခ

ချစ်စုမိုး၊ အောင်ရှိုးသာမောင်၊ဖြိုးပိုင်စိုးနဲ့ နန်းမင်းအောင်

စတဲ့ခြေစွမ်းထက်ကစားသမားတွေလည်းရှိနေပါသေးတယ်။

စိုးမင်းဦးလိုဝါရင့်တိုက်စစ်မှူးကြီးလည်းရှိနေပါသေးတယ်။

ဒီအနေအထားလူစာရင်အရရှမ်းယူနိုက်တက်ပြည်တွင်း

ကစားသမားထပ်မခေါ်တာမဆန်းဘူးလို့ဆိုပါရစေ။

Source -Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။