လူမှုကွန်ယက် စာမျက်နှာထက်မှာ အလှဓာတ်ပုံများတင်ရင်း တဟုန်ထိုးနာမည်ကျော်ကြားကာ အမာခံပရိသတ်များရရှိခဲ့သူ တစ်ဦးကတော့ ကချင်မော်ဒယ် လုလုအောင်ပါ။ တိုင်းရင်းသူတစ်ဦး ဖြစ်တာကြောင့် ထူးခြားတဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှကတော့ ထွေထွေထူးထူး ပြောပြနေစရာမလိုအောင် လှပလွန်းနေတာ ပရိသတ်ကြီးလဲ သိပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် ပုရိသတို့ အသည်းစွဲဖြစ်နေတဲ့ သူမက ချိုသာတဲ့ စကားလုံး လှလှလေးများလဲ ပြောတက်သူ တစ်ယောက်ပါပဲ။

Single Mother တစ်ယောက်အဖြစ်ရပ်တည်ကာ ချစ်စရာသမီးငယ်လေးနဲ့အတူ ဘဝကိုဖြတ်သန်းနေတဲ့ သူမရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ လူသားတိုင်းမှာ အချစ်ရှိတာမို့ သူမအနေနဲ့ကလည်း တစ်ယောက်နဲ့တစ်ယောက် သဘောကျပြီး နားလည်မှုပေးနိုင်တဲ့သူနဲ့ ဆုံတွေ့ခဲ့မယ်ဆိုရင်တော့ စဉ်းစားဖြစ်မှာပါလို့ ဆိုပါတယ်။

အနုပညာလှုပ်ရှားမှုတွေကတော့ photo model အပြင် MTV လေးတွေလဲ ရိုက်ကူးနေတာ မြင်တွေ့ရပါတယ်။ သူမကတော့ သမီးကလေးနဲ့အတူ သူမကျွမ်းကျင်တဲ့ photo model အပိုင်းကိုသာ ဆက်လက်လုပ်ကိုင်သွားဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။ ဒါကတော့ ကချင်မော်ဒယ်လုလုအောင်ရဲ့ လတ်တလောပုံရိပ်များနဲ့ လှုပ်ရှားမှုများပဲ ဖြစ်ပါတယ်။

Source - Lulu Aung Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။