မြန်မာကစားသမားတွေကိုစိတ်ဝင်စားနေတဲ့ထိုင်းပရီးမီးယားလိဂ်ကလပ်တွေရဲ့ဇာတ်လမ်းကအဆုံးသတ်မသွားသေး

ပါဘူး။အောင်သူ၊ကျော်ကိုကို၊ဝင်းလှိုင်ဦး၊ကျော်ဖြိုးဝေ၊

ကောင်းဆက်နိုင်တို့ဟာထိုင်းပရီးမီးယားလိဂ်ကိုရောက်သွားပါပြီ။အခုနောက်ဆုံးထိုင်းပရီးမီးယားလိဂ်ကလပ်ဆူဖန်ဘူရီက

စိတ်ဝင်စားနေတဲ့မြန်မာနောက်ခံလူတစ်ဦးကရန်ကုန်ယူနိုက်

တက်နောက်ခံလူဇော်မင်းထွန်းပါ။ဇော်မင်းထွန်းဟာနို်င်ငံခြား

ကလပ်တွေနဲ့အပြောင်းအရွှေ ့သတင်းမကြာခဏထွက်တတ်သူပါ။

မကြာသေးခင်ကပဲဘရူနိုင်းကလပ်အသင်းတစ်သင်း

ကသူ့ကိုခေါ်ယူချင်တယ်လို့သတင်းတွေထွက်ခဲ့ပါသေးတယ်။

မြင့်မားတဲ့အရပ်အမောင်း၊မာကျောတဲ့ခံစစ်စွမ်းရည်တွေနဲ့

အမြင့်ဘောတွေကိုကာကွယ်ရာမှာဇော်မင်းထွန်းထူးချွန်

လှပါတယ်။မြန်မာ့လက်ရွေးစင်အသင်း၊ရန်ကုန်ယူနိုက်တက်

အသင်းတို့ရဲ့ဗဟိုခံစစ်မှုးနေရာကိုအပိုင်သိမ်းပိုက်ထားတာမို့

မြန်မာနောက်ခံလူတွေထဲမှာတော့ဇော်မင်းထွန်းကထိပ်သီး

နောက်ခံလူပါ။နောက်ထူးခြားချက်တစ်ခုကရှေ့တန်းကို

တက်ပြီးဂိုးတွေသွင်းတတ်တာပါပဲ။

ဘောလုံးစကစားစဉ်ကရှေ့တန်းလူတစ်ယောက်အဖြစ်

ကစားခဲ့တာမို့ဘောလုံးလမ်းကြောင်းတွေကိုတွက်ဆနိုင်ပြီး

ဂိုးဘယ်လိုသွင်းရမလဲဆိုတဲ့အမြင်ဇော်မင်းထွန်းမှာရှိပါတယ်။

ဇော်မင်းထွန်းရဲ့အားသာချက်တစ်ခုပေါ့။ဆူဖန်ဘူရီ

အသင်းဟာခံစစ်အားနည်းတဲ့အသင်းတစ်သင်းဖြစ်တာမို့

ဇော်မင်းထွန်းကိုစိတ်ဝင်စားနေရခြင်းပါ။ဒါပေမယ့်

ရန်ကုန်ယူနိုက်တက်အနေနဲ့ဇော်မင်းထွန်းကိုထိုင်းလိဂ်

ကိုလက်လွွတ်လိုက်ဖို့တော့ခက်ခဲနေပါလိမ့်မယ်။

အခုဆ်ုရင်ကျော်ကိုကိုရောကောင်းဆက်နိုင်ပါရန်ကုန်

အသင်းကထွက်ခွားသွားကြပြီးဇော်မင်းထွန်းသာထိုင်းကို

ထပ်ထွက်သွားမယ်ဆိုရင်အသင်းကတော်တော်အားနည်း

သွားမှာအမှန်ပါ...

Source -Siam Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။