ပရိသတ်ချစ်ခင်အားပေးရတဲ့ အဆိုတော် ပန်းရောင်ခြယ်ကတော့ မြန်မာဝတ်စုံလေးဝတ်ဆင်ကာ ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေပါတယ်..။

သူမတို့ မိသားစုဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်ရှိ ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ကျင်းပတဲ့ ရဟန်းခံအလှူပွဲတစ်ခုကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်..။

ထိုအလှူပွဲလေးကို တတ်ရောက်ခဲ့တဲ့ သူမတို့ မိသားစုလေးကတော့ တကယ့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အားကျစရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်..။

ရဟန်းခံအလှူပွဲလေးကို မိသားစုလိုက် တတ်ရောက်ခဲ့ကြပြီး ကိုယ်တိုင်လည်း သိမ်ဆွမ်းလောင်းအလှူမှာ ပါဝင်လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်..။

သူမတို့ မိသားစု ရဟန်းခံအလှူပွဲလေးကို တတ်ရောက်ခဲ့တဲ့အကြောင်းကို ပန်းရောင်ခြယ်က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ သူမတို့ မိသားစုလေးဟာ ပျော်ရွှင်ပြီး အားကျစရာကောင်းတဲ့အကြောင်း Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

အဆိုတော် ပန်းရောင်ခြယ်ကတော့ ဖခင်ဆီက ဂီတအနုပညာအမွေကို ရရှိထားပြီး သူမရဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်..။

သူမရဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားသလို ဖိတ်ကြားထားတဲ့ ပွဲတွေမှာ သီဆိုဖျော်ဖြေပေးနေပြီး လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Source - ပန်းရောင်ခြယ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။