အောင်မြင်ကျော်ကြားမှုကိုရေရှည်ထိန်းထားနိုင်တဲ့ နိုင်ငံကျော်မင်းသမီးတွေထဲမှာ မင်းသမီး ဆုပန်ထွာလဲပါဝင်ပါတယ်။ အခုမှာတော့ သူမက သာယာတဲ့မိသားစုဘဝလေးနဲ့ အေးချမ်းသာယာနေသူတစ်ယောက်ပါ။ အနုပညာကိုချစ်တဲ့သူတိုင်းဟာ မိသားစုနဲ့ မအားလပ် တဲ့ကြားက အချိန်မပေးနိုင်ပေမယ့်လည်း သူမတို့ချစ်တဲ့ ဒီအလုပ်လေးကို လုပ်ခွင့် ရနေမှ စိတ်ချမ်းသာနေတဲ့သူတွေပါ။

မင်းသမီးချောပန်ပန်ကလည်း ဒီလိုပါပဲ ပရိသတ်ကြီးရေ။ သူမရဲ့သားချောလေး Roar Roar ကတော့ အမေကို တအားခင်တွယ်သူပါပဲ။ ခရီးတွေသွားကာ ရူတင်အလုပ်တွေနဲ့ မအားလပ်တာကြောင့် သူမရဲ့ သားငယ်လေးက အမေကိုလွမ်းနေတဲ့ပုံပါပဲ။ ဒါကြောင့် သူမက “ မနေ့ကဖြစ်သည် ၂” ဇာတ်လမ်းတွဲ ရှုတင်ကို သားငယ်လေးပါခေါ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ရှုတင်ရိုက်လိုက် သားငယ်လေးကိုပြေးထိန်းလိုက်နဲ့လည်း သူမကပျော်စရာ ကောင်းတယ်လို့လဲ ပြောပါသေးတယ်။

“ တသားမွေးတသွေးလှ” ဆိုတဲ့စကားအတိုင်းပဲ သားသားလေးမွေးပြီးမှ ပိုပိုလှနေတဲ့ မင်းသမီးချောပါပဲ။ အမေတွေကိုတော့ သိပ်သရုပ်မဆောင်ချင်သေးဘူးလို့ ဆိုပါတယ်။ သွက်သွက်လက် လက်လေးနဲ့ ပျော်စရာကောင်းမယ့် သရုပ်ဆောင်အပိုင်းတွေကို ပိုသရုပ်ဆောင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း ကမ်းလှမ်းလာရင်တော့ ကြိုးစား သရုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။ MyanmarLoad က ပန်ပန်ရဲ့ပရိသတ်တွေအတွက် သူမတို့သားမိရဲ့ချစ်စရာပုံလေးတွေကို စုစည်းပေးလိုက်ပါတယ်နော်။

Source – Supan Htwar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။