ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါတစ်ယောက်ကတော့ သူမကို ပရိသတ်တွေ မေ့သွားမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်..။

ချစ်စရာကောင်းတဲ့ သူမရဲ့ ဓာတ်ပုံအသစ်တွေကို တင်ပြီး ပရိသတ်တွေ သူမကို မေ့နေကြမှာစိုးတယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း သူမကို မမေ့တဲ့အကြောင်း မမေ့တဲ့အပြင် ပိုပိုပြီး ချစ်လာတဲ့အကြောင်းလေးတွေကို Comment များမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ပရဟိတနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏ ပြုလုပ်လှူဒါန်းနေပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအမြဲ ပြန်လည်မျှဝေပေးတာကို တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း နေမင်း၊ ရဲတိုက်တို့နှင့်အတူ Seaberg Travels & Tour ရဲ့ ရိုက်ကူးရေး အစီအစဉ်နဲ့ ကော့သောင်း မြိတ်ကျွမ်းစုတွေဘက်ကို အပျော်ခရီးသွားရောက်ခဲ့ပါသေးတယ်..။

အချစ်ရေးအနေနဲ့ကလည်း ဆေးအေးနေပြီး ထူးခြားရင်တော့ ပရိသတ်တွေကို အားလုံးအသိပေးသွားမယ်လို့လည်း သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြထားပါသေးတယ်..။

အလှမယ်အဖြစ်မှ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

ဇာတ်ကားများနဲ့ ကြော်ငြာတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုစေရဆဲပါပဲ..။

လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ အခမ်းအနားပွဲများ တတ်ရောက်နေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်း၊ ကြောငြာ်ဓာတ်ပုံများ ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

Source - ခင်ဝင့်ဝါ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။