အနုပညာလောကရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်သလို ပရိသတ်ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူကတော့ မင်းသား ဇေရဲထက် ဖြစ်ပါတယ်။ "ကွမ်းစားတတ်တဲ့ ကောင်မလေး" ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်စတင်သတိထားမိခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်ကားတွေဆက်တိုက်ရိုက်ကူးကာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဟာသ ဒရမ်မာစတဲ့ ကာရိုက်တာပေါင်းစုံကို ရိုက်ကူးနိုင်သူတစ်ဦးဖြစ်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

ယခုလတ်တလောမှာတော့ မင်းသားဇေရဲထက်အတွက် မွေးနေ့အမီ ရွှေခါးပတ်ခေါင်း ဆိုတဲ့ ကိစ္စလေးတစ်ခုဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့ နေပါတယ်။ အောင်သမာဓိရွှေဆိုင် နဲ့ Gold Founder တို့ရဲ့ ပဲကိုင်ရှင် အမျိုးသမီးချောလေးတစ်ဦးဖြစ်တဲ့ မဖြူဖြူအောင်ကတော့ သူမဆိုင ရဲ့ကြော်ငြာမင်းသားတစ်လက်ဖြစ်တဲ့ ဇေရဲထက်ရဲ့ မွေးနေ့အမီအတွက် ရွှေသားနဲ့ပြုလုပ်ထားတဲ့ ခါးပတ်ခေါင်းလေးတွေ သူမရဲ့ဆိုင်မှာ ရနေပြီဖြစ်ကြောင်း ဇေရဲထက်ကို tag ဆွဲပြီးပြောပြထားတာတွေ့ရပါတယ်။

သူမရဲ့ facebook အကောင့်မှာတော့ "မွေးနေ့အမီ ရပီနော် ကိုဇေရဲထက် ရေးZay Ye Htet

ရွှေစစ်စစ်ကြိုက်တဲ့ရွှေခါးပတ်ခေါင်းလေးတွေ ၂ကျပ်ခွဲ ခန့်နော်" ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသား ဇေရဲထက်ဟာ အနုပညာအလုပ်တွေကို စဉ်ဆက်မပြတ်လုပ်ကိုင်လို့နေတာ တွေ့ရပါတယ်။ တလောကမှ ပြည်ပကပြန်ရောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ချစ်တဲ့မိသားစုနဲ့အတူ ခရီးထွက်ခဲ့ပါသေးတယ်တဲ့ ပရိသတ်ကြီးရေ....

Source: Ma Phyu Phyu Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။