သရုပ်ဆောင်ခင်လေးနွယ်တစ်ယောက် သူမရဲ့အလှပုံရိပ်တွေကို ပရိတ်သတ်တွေကို တင် ဆက်ပေးလိုက်ပြန်ပါပြီ။ အပျိုကြီးမမအဖြစ် ဘဝကိုအေးချမ်းစွာဖြတ်သန်းနေပြီး ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေမှာ သူမကို ယခင်က လို အမြဲတမ်းမတွေ့ရတော့ပါဘူး။ အိမ်ထောင်ပြုဖြစ်ဖို့ကိုလဲ လတ်တလောမှာ မစဉ်းစားသေး ဘူးလို့ ဆိုပါတယ်။ တူလေးတူမလေးတွေနဲ့နေရာတာကိုလည်း သဘောကျတာကြောင့် လတ် တလောမှာ တော့ အိမ်ထောင်ပြုဖို့မစဉ်းစားသေးဘူးလို့လည်း သူမကဆိုပါတယ်။ ယခုချိန် ထိတော့ သူမကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေက မနည်းမနောရှိနေဆဲပါပဲ။

အိမ်ထောင်ရေးကတော့ စကားအကုန်ပြောလို့မရတာမို့ တသက်လုံးမယူတော့ဘူးလို့လည်း မပြောချင်ပါဘူးလို့ဆိုပါတယ်။ ကိုယ်နဲ့သင့်တော်အဆင်ပြေမယ့်သူကိုတွေ့ရင်တော့ လက်တွဲ ဖြစ်မှာပါ လို့လည်းပြောပါတယ်။ အနုပညာလုပ်ငန်းတွေကို မလုပ်ဖြစ်တော့တဲ့အကြောင်း အရင်းက ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို ဦးစားပေးလိုက်တာကြောင့်လို့ဆိုပါတယ်။ ကိုယ်ပိုင် စီးပွားရေးလုပ်မယ်ဆိုရင် အနုပညာဖက်ကိုသိပ်ပြီး အလေးပေးမိမှာမဟုတ်တော့တာကြောင့် အနုပညာလုပ်ငန်းတွေကို လုံးဝရပ်နားလိုက်တာပါလို့ဆိုပါတယ်။

သူငယ်ချင်းအသိမိတ်ဆွေတစ်ချို့က အကူအညီတောင်းတာတွေရှိရင်တော့ MTV တို့ Photo Shooting တို့ကို ရိုက်ပေးလိုက်တယ်လို့ဆိုပါတယ်။ ဒီထက်ပိုပြီး ရုပ်ရှင်ဇာတ်လမ်းတွေမှာ မပါဝင်တော့ပဲ လုံးဝရပ်နားလိုက်တယ်လို့ဆိုပါတယ်။ သူမရဲ့အထည်ဆိုင်လေးကိုပဲ ဦးစားပေး လုပ်ကိုင်ပြီး လက်ရှိမှာလဲ စက်ချုပ်သင်တန်းတက်နေတယ်လို့ဆိုပါတယ်။ သူမရဲ့ Facebook မှာ Gym သွားတယ် စားတယ် ဒါနဲ့ပဲ တစ်ရက် ကုန်သွားရော သူမရဲ့အလှပ လေးတွေကိုလည်း ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Khin Lay New’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။