ယနေ့ ဒီဇင်ဘာ(၃၀)ရက်နေ့ဟာ ဝါရင့်သရုပ်ဆောင် သရုပ်ဆောင် ဝါဝါ၀င်းရွှေရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

သူမရဲ့ မွေးနေ့လေးမှာ နေတိုး၊ ဝတ်မှုံရွှေရည်နဲ့ အခြားအနုပညာရှင်တွေက စုပေါင်းပြီး မွေးနေ့ Surprise ပေး ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်..။

ဒီနေ့လေးဟာ သရုပ်ဆောင် ဝါဝါ၀င်းရွှေရဲ့ မွေးနေ့ရက်လေးဖြစ်သလို သူမရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထုတ်လုပ်ထားတဲ့ “လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကား အထူးပြသတဲ့ နေ့လေးလည်း ဖြစ်ပါတယ်..။

“လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကိုတော့ ယနေ့ ဒီဇင်ဘာ(၃၀)ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

အဲ့ဒီ ရုပ်ရှင် အထူးပြသပွဲကို ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်များစွာ တတ်ရောက်ခဲ့ကြပြီး အထူးပြသပွဲ ပြီးတဲ့အချိန်မှာ မွေးနေ့ Surprise ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

ဝါရင့်သရုပ်ဆောင် ဝါဝါ၀င်းရွှေကတော့ မျှော်လင့်မထားတဲ့ မွေးနေ့ Surprise အတွက် အရမ်းကို အံ့သြပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်..။

“လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ ဝါဇင်နဲ့ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်နဲ့ ဒါရိုက်တာ ဝင်းထွဋ်ဝင်းတို့က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်..။

အဲ့ဒီဇာတ်ကားလေးကတော့ (၅၂၈)မေတ္တာ၊ (၁၅၀၀)မေတ္တာတို့နဲ့ သမန်းဝံပုလွေတို့ရဲ့ အကြောင်းလေးတွေကို အခြေခံရိုက်ကူးထားတဲ့ ကြည်နူးထိတ်လန့်စရာ ဒရမ်မာ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်..။

“လရောင်ဖြာတဲ့အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် ဇန်နဝါရီ(၅)ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source – Cele Yatkwat

Photo - နေတိုး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။